အညာမြေကိုပြန်ရတော့မယ်
သာနေတဲ့ လမင်းကလေးရေ
တစ်ပါးသူရင်ခွင်
သူမချစ်ပဲနဲ့နေခဲ့ရရှာ
သူကိုကိုယ်သနားလည်း
ရင်ကိုထုငိုချင်းတေးတွေသီ
မွေးရပ်မြေဆီ တို့အသည်းကွဲရင်း
ပြန်တဲ့ညမှာသစ္စာဆိုပါရစေ
သန်းခေါင်ယံည လမင်းလေးထံမှာ
တိမ်ဝဋ္ဌာညမိုး ပြာသောကောင်းကင်
လမင်းလေးသာတိုင်းမှာ
ချစ်သူရဲ့လမင်းမျက်နှာ
အတွေးထဲမြင်ယောင်လာ
တမ်းတလို့တို့လွမ်းရပြန်တယ်
လိုချင်တာဘဝတိုင်းမရနိုင်
တူညီတဲ့အချစ်မျိုးရှားမယ်
မင်းဘဝမှာလေ ကံရွေးပေးတဲ့
အဖော်ရဲ့လက်ကို မြဲအောင်သာတွဲကာ
အနာဂတ်ခရီးဆက်လှမ်းနိုင်ပါစေ
မင်းတစ်ယောက်ရင်မှာ ချစ်ဖူးခဲ့တဲ့
အတိတ်ရည်းစားအဖြစ် ဒို့ကိုမေ့ပေးပါ
ဒါနောက်ဆုံးမှာခဲ့ပါစေနော်
ဝေဒနာဒဏ်သင့် ချစ်ခရီးလမ်းမှာ
နောက်ဆုံးမျက်ရည်ပုလဲမိုးရွာ
ချစ်သူရေ နေခဲ့တော့နော်
မင်းဘဝအဆင်ပြေသလို
အချစ်နဲ့စ နောက်ဆုံးလွမ်းစေပြီ
အညာမြေကိုပြန်ရတော့မယ်
သာနေတဲ့ လမင်းကလေးရေ
တစ်ပါးသူရင်ခွင်
သူမချစ်ပဲနဲ့နေခဲ့ရရှာ
သူကိုကိုယ်သနားလည်း
ရင်ကိုထုငိုချင်းတေးတွေသီ
မွေးရပ်မြေဆီ တို့အသည်းကွဲရင်း
ပြန်တဲ့ညမှာသစ္စာဆိုပါရစေ
သန်းခေါင်ယံည လမင်းလေးထံမှာ
တိမ်ဝဋ္ဌာညမိုး ပြာသောကောင်းကင်
လမင်းလေးသာတိုင်းမှာ
ချစ်သူရဲ့လမင်းမျက်နှာ
အတွေးထဲမြင်ယောင်လာ
တမ်းတလို့တို့လွမ်းရပြန်တယ်
လိုချင်တာဘဝတိုင်းမရနိုင်
တူညီတဲ့အချစ်မျိုးရှားမယ်
မင်းဘဝမှာလေ ကံရွေးပေးတဲ့
အဖော်ရဲ့လက်ကို မြဲအောင်သာတွဲကာ
အနာဂတ်ခရီးဆက်လှမ်းနိုင်ပါစေ
မင်းတစ်ယောက်ရင်မှာ ချစ်ဖူးခဲ့တဲ့
အတိတ်ရည်းစားအဖြစ် ဒို့ကိုမေ့ပေးပါ
ဒါနောက်ဆုံးမှာခဲ့ပါစေနော်
ဝေဒနာဒဏ်သင့် ချစ်ခရီးလမ်းမှာ
နောက်ဆုံးမျက်ရည်ပုလဲမိုးရွာ
ချစ်သူရေ နေခဲ့တော့နော်
မင်းဘဝအဆင်ပြေသလို
အချစ်နဲ့စ နောက်ဆုံးလွမ်းစေပြီ