သီချင်း - ရွှေရောင်အနာဂတ်
တေးဆို - ပိုပို
မချစ်တတ်တဲ့လူတွေကြားမှာ ငါရှင်သန်
အိမ်မက်အတွက်ရုန်းကန်ဖန်တီးရချိန်မှာ
မျှော်လင့်ချက်သဲ့သဲ့လေးကိုဆုတ်ကိုင်ထား
ကမ်ဘာကြီးကမမျှတဘူးလို့တွေးမိကာ
ကိုယ်ချင်းလည်းမစာနာတတ်သူလူတွေကြား
နာကြည်းချက်တွေများလာဒီနှလုံးသား
ဘယ်တော့မှမငိုကြွေးဘူး
ဘယ်တော့မှအရှုံးမပေးဘူး ယုံ
လူတစ်ချို့ကအကြင်နာတရားမရှိပါ
စာနာတတ်တဲ့စိတ်ထားလည်းမရှိပါ
တကယ်ပါခက်ခဲလွန်းနေတဲ့ဒီမုန်တိုင်းတွေ
တကယ်ကိုခက်ခဲကြမ်းတမ်းတဲ့ဒီဘဝခရီးမှာ
ရှေ့ဆက်ဖို့ခက်နေတယ်
ကောက်ရိုးလေးတစ်မျှင်အတွက်
ဘယ်မှာရှင်သန်ရမလဲ
လူတွေစာနာတတ်ဖို့တောင်းဆုပြုလိုက်ချင်
အရာရာအောင်မြင်ဖို့အတွက်ငါကြိုးစားတယ်
အမှောင်ထဲမှာငါကျိတ်ငိုနေရတဲ့အချိန်တွေ
သူတို့မသိနိုင်ပြီ
ဘယ်မှာလည်းအချစ်မေတ္တာတွေ
ဘယ်မှာလည်းအချစ်ဂရုဏာတွေ
အားလုံးအကြင်နာတရားတွေပျောက်ပြယ်လို့သွား
ဒီလူလောကဘောင်မှာ တစ်ယောက်တည်း
လမ်းလျှောက်ချိန်မှာ ခွန်အားမဲ့နေတဲ့ဘဝ
လူတစ်ချို့ကအကြင်နာတရားမရှိပါ
စာနာတတ်တဲ့စိတ်ထားလည်းမရှိပါ
တကယ်ပါခက်ခဲလွန်းနေတဲ့ဒီမုန်တိုင်းတွေ
တကယ်ကိုခက်ခဲကြမ်းတမ်းတဲ့ဒီဘဝခရီးမှာ
ရှေ့ဆက်ဖို့ခက်နေတယ်
ကောက်ရိုးလေးတစ်မျှင်အတွက်
ဘယ်မှာရှင်သန်ရမလဲ
လူတွေစာနာတတ်ဖို့တောင်းဆုပြုလိုက်ချင်
အရာရာအဆင်ပြေဖို့အတွက်ငါကြိုးစားချင်
အမှောင်ထဲမှာငါကျိတ်ငိုနေရတဲ့အချိန်တွေ
သူတို့မသိနိုင်ပြီ
ငါလေမငိုဘူးကွယ် ငါလေကျော်လွှားမယ်
အခါခါကျရှုံးခဲ့တဲ့ဘဝကို ငါလေဖြတ်သန်းမယ်
ရွှေရောင်စိတ်ကူးနဲ့ ရွှေရောင်အနာဂတ်အတွက်
စိန်ခေါ်မှုများအားတင်းပြီးတော့
ရှေ့ဆက်လှမ်းနိုင်မယ်
ငါယုံကြည်တယ်