️မနိုးပါစေနဲ့မိုးရယ်
ဖြိုးပြည့်စုံ
မိုးတိမ်တွေမဲနက်ရိပ်နဲ့
အာကာပြင်မယ်ထင်ခြယ်
လျှပ်နွယ်လျှပ်ပန်းခက်များနဲ့
အော်မည်သံတို့ကြောက်စဖွယ်
မင်းဟိုတစ်ခါပြောဖူးခဲ့တဲ့
ဒဏ္ဍာရီလေးရှိတယ်
မိုးခြိမ်းရင်မေ့ရဲ့ရင်မှာ
ကြောက်စိတ်တွေဝင်မိတယ်
ကောင်းကင်ကိုမော့ကြည့်ရင်းနဲ့
ရင်မှာပူပန်လာတယ်
ခုဆိုရင်မင်းလေးတစ်ယောက်
ကြောက်နေရှာရော့တော့မယ်
ဟိုစဉ်အခါမင်းပုန်းစရာ
မောင်ရင်ခွင်လေးနွေးသလို
ချစ်သူဆီထီးကိုယူလို့
အပြေးလာနေမိတော့တယ်...
မေအိပ်တဲ့အုတ်ဂူလေးထက်မှာ
မောင်ထီးကလေးမိုးကာပေးပါ့မယ်
ဒီမိုးကလေးတိတ်ခါသွားသည့်အောင်
စောင့်ကာနေပါမယ်
မေအိပ်တဲ့အုတ်ဂူလေးနွေးအောင်
လက်ကလေးနဲ့ထွေးကာပွေ့ထားမယ်
ရေစက်လေးများရွှဲစိုကာချမ်းလွန်းပါစေ
မပြန်သေးပါကွယ်
မိုးရွာတာရပ်လိုက်ပေးပါ့
ဒေဝါအမ္ဘုန်ရှင်ရယ်
တောင်းပန်တယ်ကျွန်တော့်ရဲ့အချစ်
ချမ်းနေရှာရော့တော့မယ်
ခိုလှုံရာသူ့ရဲ့အုတ်ဂူဖြူဖြူအိမ်ကလေးထဲမှာ
မှေးပျော်ကာအိပ်နေတာလေး
မနိုးပါစေနဲ့မိုးရယ်....
SOLO MUSIC
မိုးတိမ်တွေမဲနက်ရိပ်နဲ့
အာကာပြင်မယ်ထင်ကြယ်
လျှပ်နွယ်လျှပ်ပန်းခက်များနဲ့
အော်မည်သံတို့ကြောက်စဖွယ်
မင်းဟိုတစ်ခါပြောဖူးခဲ့တဲ့
ဒဏ္ဍာရီလေးရှိတယ်
မိုးခြိမ်းရင်မေ့ရဲ့ရင်မှာ
ကြောက်စိတ်တွေဝင်မိတယ်
ကောင်းကင်ကိုမော့ကြည့်ရင်းနဲ့
ရင်မှာပူပန်လာတယ်ခုဆိုရင်
မင်းလေးတစ်ယောက်
ကြောက်နေရှာရော့တော့မယ်
ဟိုစဉ်အခါမင်းပုန်းစရာ
မောင်ရင်ခွင်လေးနွေးသလို
ချစ်သူဆီထီးကိုယူလို့
အပြေးလာနေမိတော့တယ်...
မေအိပ်တဲ့အုတ်ဂူလေးထက်မှာ
မောင်ထီးကလေးမိုးကာပေးပါ့မယ်
ဒီမိုးကလေးတိတ်ခါသွားသည့်အောင်
စောင့်ကာနေပါမယ်
မေအိပ်တဲ့အုတ်ဂူလေးနွေးအောင်
လက်ကလေးနဲ့ထွေးကာပွေ့ထားမယ်
ရေစက်လေးများရွှဲစိုကာချမ်းလွန်းပါစေ
မပြန်သေးပါကွယ်
မိုးရွာတာရပ်လိုက်ပေးပါ့
ဒေဝါအမ္ဘုန်ရှင်ရယ်
တောင်းပန်တယ်ကျွန်တော့်ရဲ့အချစ်
ချမ်းနေရှာရော့တော့မယ်
ခိုလှုံရာသူ့ရဲ့အုတ်ဂူဖြူဖြူအိမ်ကလေးထဲမှာ
မှေးပျော်ကာအိပ်နေတာလေး
မနိုးပါစေနဲ့မိုးရယ်....
.
မိုးရွာတာရပ်လိုက်ပေးပါ့
ဒေဝါအမ္ဘုန်ရှင်ရယ်
တောင်းပန်တယ်ကျွန်တော့်ရဲ့အချစ်
ချမ်းနေရှာရော့တော့မယ်
ခိုလှုံရာသူ့ရဲ့အုတ်ဂူဖြူဖြူအိမ်ကလေးထဲမှာ
မှေးပျော်ကာအိပ်နေတာလေး
မနိုးပါစေနဲ့မိုးရယ်....