နေချင်လား
တေးဆို ဖြူသီ
Intro
တောတွင်းဂူကလေးမှာ
ရွက်ခြောက်တဲ့မွေ့ယာ
စမ်းကလေးကောက်ကွေး လမ်းကလေးမှုန်ရေး
ပန်းကလေးတွေမွှေးစရာ
နေချင်လား
နေချင်လား
တောရွာအိမ်ကလေးမှာ
အခင်းကသင်ဖြူးဖျာ
နဘေးကရေချောင်း လှည်းကလေးကိုမောင်း
ပဲပြောင်းတွေစိုက်ကာ
နေချင်လား
နေချင်လား
ဘယ်သူတွေဘယ်လိုနေ
အိုမောင်ရယ်မေရယ်လေ
ခင်တာမင်တာ အကြင်နာ ကေဋ
ဆူးခင်းလမ်းလည်း ပန်းမွေ့ယာထင်နေ
နေချင်လား
နေချင်လား
တောမကျမြို့ကလေးမှာ
ကျွန်းနဲ့အိမ်ဆောက်ခါ
လမ်းကတွေကျဥ်း ဘီးကလေးတွေနင်း
ဝန်းထဲခြံကလေးမှာ
နေချင်လား
နေချင်လား
မြို့ကတိုက်ကြီးမှာ
မီးများထိန်ငြိမ်းစွာ
လမ်းကအကျယ်ကြီးကားကလေးကိုစီး
နားတော့တကယ်ငြီးစရာ
နေချင်လား
နေချင်လား
ဘယ်သူတွေဘယ်လိုနေ
အိုမေရယ်မောင်ရယ်လေ
ခင်တာမင်တာအကြင်နာကဋေ
ဆူးခင်းလမ်းလည်း ပန်းမွေ့ယာထင်နေ
နေချင်လား
နေချင်လား
နေချင်လား
နေချင်လား
နေချင်လား