menu-iconlogo
huatong
huatong
--cover-image

မိုးကိုချစ်သည်ဒါပေမယ့်မုန်းသည်

ဗညားဟန်huatong
লিরিক্স
রেকর্ডিং
မိုးကိုချစ်သည် ဒါပေမယ့်မုန်းသည်

ဗညားဟန်

မိုးဒေဝါက ငြိုးဟန်ဆင်

ကမ္ဘာမြေတလင်းသို့သွန်းဖြိုးမစဲနိုင်

မကြင်နာသူကြီးရေ

ဘာကြောင်ရယ် နင်စွန့်သွားတယ်

သစ္စာမတည်တဲ့ချစ်သူကို

ရင်မှာတယုတယပျိုးခဲ့ပန်းနှယ်

ထာဝစဉ်မြတ်နိုးတဲ့ငါ့မှာ

အချစ်တစ်ခုကိုယုံကြည်ခဲ့တယ်

အခုဆိုမိုးရယ်ရင်ခွင်ပြောင်းတော့လွယ်

အချစ်ကိုလှည့်စားပစ်ခွာသူ

နာမည်တစ်လုံးတည်းမိုးတဲ့သူ့အမည်

မာယာရှင်ကြီးရေချစ်မိသူနာကျင်ခဲ့ပြီ

အတိတ်ကိုပြန်တွေးစိတ်နာတယ်

ဟိုတစ်ခါတုန်းကမိုးသည်းထဲမှာ

အတူတူပျော်ခဲ့ဖူးသမျှကို

မေ့ရက်နိုင် မကြင်သူမိုးရယ်

မိုးကိုချစ်သည် ဒါပေမယ့်မုန်းသည်

ချစ်သူအပေါ် မုသားသုံးကာ

မင်းပေးခဲ့တဲ့အချစ်သင်ခန်းစာ

အားလုံးဟာ သံသရာကမ္ဘာအတိုင်းလည်း

မေတ္တာစစ်အပေါ် သူအနိုင်ယူခဲ့သလို

အချစ်တွေဟာ ဆိတ်သုဉ်းပျောက်ကွယ်

မေ့လို့မရတဲ့မိုးကိုမုန်းတယ်

ထပ်မတွေ့အောင်ရှောင်နေပေမယ့်လည်း

မိုးရေထဲမှာ မိုးကိုပြန်တွေ့ချိန်

အခုဆိုတစ်ယောက်တည်းလမ်းပေါ်မှာ

ပန်တော်ကျဘဝပန်းကလေးတစ်ပွင့်နှယ်

ဒါတောင်သူကအပြုံးမပျက်နိုင်

မိုးထဲမှာပျော်နေတုန်းပဲ

မေတ္တာအမှန်နဲ့ဝေးလေပြီ

အကြင်နာတရားမဲ့ ကျောခိုင်းသွားသူ

မာယာတွေ့နဲ့မင်းအလှပျက်ချိန်

မိုးမျက်ရည်မြေမှာခကြွေ

မိုးကိုချစ်သည် ထာဝရမုန်းလိုက်ပြီ

အချစ်ကိုလှည့်စားပစ်ခွာသူ

နာမည်တစ်လုံးတည်း မိုးတဲ့သူ့အမည်

မာယာရှင်ကြီးရေ ချစ်မိသူနာကျင်ခဲ့ပြီ

အတိတ်ကိုပြန်တွေးစိတ်နာတယ်

ဟိုတစ်ခါတုန်းကမိုးသည်းထဲမှာ

အတူတူပျော်ခဲ့ဖူးသမျှကို

မေ့ရက်နိုင် မကြင်သူမိုးရယ်

မိုးကိုချစ်သည် ဒါပေမယ့်မုန်းသည်

ချစ်သူအပေါ် မုသားသုံးကာ

မင်းပေးခဲ့တဲ့အချစ်သင်ခန်းစာ

အားလုံဟာသံသရာကမ္ဘာအတိုင်းလည်း

မေတ္တာစစ်အပေါ် သူအနိုင်ယူခဲ့သလို

အချစ်တွေဟာ ဆိတ်သုဉ်းပျောက်ကွယ်

မေ့လို့မရတဲ့မိုးကိုမုန်းတယ်

ထပ်မတွေ့အောင်ရှောင်နေပေမယ့်လည်း

မိုးရေထဲမှာ မိုးကိုပြန်တွေ့ချိန်

အခုဆိုတစ်ယောက်တည်းလမ်းပေါ်မှာ

ပန်တော်ကျဘဝပန်းကလေးတစ်ပွင့်နှယ်

ဒါတောင်သူကအပြုံးမပျက်နိုင်

မိုးထဲမှာပျော်နေတုန်းပဲ

မေတ္တာအမှန်နဲ့ဝေးလေပြီ

အကြင်နာတရားမဲ့ ကျောခိုင်းသွားသူ

မာယာတွေနဲ့မင်းအလှပျက်ချိန်

မိုးမျက်ရည်မြေမှာခကြွေ

မိုးကိုချစ်သည် ထာဝရမုန်းလိုက်ပြီ

မိုးကိုချစ်သည် ဒါပေမယ့်မုန်းသည်

မိုးကိုချစ်သည် ဒါပေမယ့်မုန်းသည်

မိုးကိုချစ်သည် ဒါပေမယ့်မုန်းသည်

ဗညားဟန် থেকে আরও

সব দেখুনlogo