မမျှော်လင့်ရဲပါဘူး
ဗညားဟန်
မိုးနဲ့မြေကြီးလို
ဝေးကွာသွားတဲ့အချစ်ရယ်
အမှိုက်နဲ့ရွှေလို
တင်စားကာလိုက်မမှီနိုင်တယ်
ဘဝရေးကိုခဏလေးတွေးလို့
မချစ်ဝံ့ပါဘူးအချစ်ရယ်
မမျှော်လင့်ရဲပါဘူးကွယ်
အချစ်ဆုံးရဲ့ဘဝသာ
စိုပြေလန်းဆန်းဖို့ကွယ်
စိန်စီသောလမ်းဖြောင့်တန်းပါစေကွယ်
ပန်းခင်းသောချစ်လမ်းမပေါ်
မွှေးပျံ့စေဖို့ကွယ်
ဆုတွေအကြိမ်ကြိမ်တောင်းလို့သာ
နေတော့မယ်
စိန်တွေရွှေတွေ
မရင်းနှီးနိုင်ဘူးအချစ်ရယ်
မေတ္တာပေးလို့မေတ္တာရရင်တော်ပြီကွယ်
သစ္စာပေးလို့သစ္စာရရင်သေပျော်မယ်
အခုတော့တို့များဘဝမှာ
မေတ္တာပေးလို့မေတ္တာမရနိုင်တယ်
သစ္စာပေးလို့သစ္စာမရနိုင်တယ်
စိန်ရွှေငွေဓနအလှမရှိတော့
မမျှော်လင့်ရဲပါဘူးကွယ်
အချစ်ဆုံးရဲ့ဘဝသာ
စိုပြေလန်းဆန်းဖို့ကွယ်
စိန်စီသောလမ်းဖြောင့်တန်းပါစေကွယ်
ပန်းခင်းသောချစ်လမ်းမပေါ်
မွှေးပျံ့စေဖို့ကွယ်
ဆုတွေအကြိမ်ကြိမ်တောင်းလို့သာ
နေတော့မယ်
မိုးနဲ့မြေကြီးလို
ဝေးကွာသွားတဲ့အချစ်ရယ်
အမှိုက်နဲ့ရွှေလို
တင်စားကာလိုက်မမှီနိုင်တယ်
ဘဝရေးကိုခဏလေးတွေးလို့
မချစ်ဝံ့ပါဘူးအချစ်ရယ်
မမျှော်လင့်ရဲပါဘူးကွယ်
အချစ်ဆုံးရဲ့ဘဝသာ
စိုပြေလန်းဆန်းဖို့ကွယ်
စိန်စီသောလမ်းဖြောင့်တန်းပါစေကွယ်
ပန်းခင်းသောချစ်လမ်းမပေါ်
မွှေးပျံ့စေဖို့ကွယ်
ဆုတွေအကြိမ်ကြိမ်တောင်းလို့သာ
နေတော့မယ်
စိန်တွေရွှေတွေ
မရင်းနှီးနိုင်ဘူးအချစ်ရယ်
မေတ္တာပေးလို့မေတ္တာရရင်တော်ပြီကွယ်
သစ္စာပေးလို့သစ္စာရရင်သေပျော်မယ်
အခုတော့တို့များဘဝမှာ
မေတ္တာပေးလို့မေတ္တာမရနိုင်တယ်
သစ္စာပေးလို့သစ္စာမရနိုင်တယ်
စိန်ရွှေငွေဓနအလှမရှိတော့
မမျှော်လင့်ရဲပါဘူးကွယ်
အချစ်ဆုံးရဲ့ဘဝသာ
စိုပြေလန်းဆန်းဖို့ကွယ်
စိန်စီသောလမ်းဖြောင့်တန်းပါစေကွယ်
ပန်းခင်းသောချစ်လမ်းမပေါ်
မွှေးပျံ့စေဖို့ကွယ်
ဆုတွေအကြိမ်ကြိမ်တောင်းလို့သာ
နေတော့မယ်