menu-iconlogo
huatong
huatong
avatar

အရိပ်အသွင်မြင်နေဆဲ

ဗညားဟန်huatong
লিরিক্স
রেকর্ডিং
အရိပ်အသွင်မြင်နေဆဲ

ဗညားဟန်

တေးရေး နေထွဏ်းဦး

Intro . .

စိတ်အစဉ်က အရိပ်အသွင် မြင်နေဆဲပါပဲ

ဟိုတုန်းက ကိုယ်တို့ဘဝရယ်

အချစ်တွေ ပတ်လည်ဝိုင်းကာ

ရင်တွင်းလှိုင်းတို့

တစ်လှပ်လှပ်တုန်ခဲ့ရတယ်

အိပ်ပျော်ဆဲ မဖိတ်ခေါ်သော်လည်း

အိပ်မက် သံသရာထဲမှာအတူတွဲယှက်လို့

ပျော်ခဲ့ရတဲ့ နေ့တွေလည်းကွယ်

ခုတော့ ဘယ်နည်းဘယ်ပုံ ပြန်ဆုံနိုင်ရမယ်

ပြန်ကြုံနိုင်ရမယ်

စိတ်အစဉ်က အရိပ်အသွင်မြင်ဆဲ

စိတ်အစဉ်က အရိပ်အသွင်မြင်ဆဲကွယ်

ရင်ခွင်ဟောင်းကိုစွန့်ခွာ

ရင်ခွင်သစ်ကိုပြောင်းကာ

အပင်အိုမှာ မနားလိုသောငှက်ငယ်

မနေရက်လိုသော်လည်း ရင်တွင်းအသည်းက

ရွက်ဝါကြွေမြေလူးသည့်အလား

မသနားလို့ လှည့်စားရက်တယ်

ကစားစရာ အချစ်တစ်ခုရယ်လို့

အမှားရှာပြုရက်လေသလားကွယ်

စိတ်အစဉ်က အရိပ်အသွင်မြင်ဆဲ

စိတ်အစဉ်က အရိပ်အသွင်မြင်ဆဲကွယ်

Solo . .

စိတ်အစဉ်က အရိပ်အသွင် မြင်နေဆဲပါပဲ

ဟိုတုန်းက ကိုယ်တို့ဘဝရယ်

အချစ်တွေ ပတ်လည်ဝိုင်းကာ

ရင်တွင်းလှိုင်းတို့

တစ်လှပ်လှပ်တုန်ခဲ့ရတယ်

အိပ်ပျော်ဆဲ မဖိတ်ခေါ်သော်လည်း

အိပ်မက် သံသရာထဲမှာအတူတွဲယှက်လို့

ပျော်ခဲ့ရတဲ့ နေ့တွေလည်းကွယ်

ခုတော့ ဘယ်နည်းဘယ်ပုံ ပြန်ဆုံနိုင်ရမယ်

ပြန်ကြုံနိုင်ရမယ်

စိတ်အစဉ်က အရိပ်အသွင်မြင်ဆဲ

စိတ်အစဉ်က အရိပ်အသွင်မြင်ဆဲကွယ်

ရင်ခွင်ဟောင်းကိုစွန့်ခွာ

ရင်ခွင်သစ်ကိုပြောင်းကာ

အပင်အိုမှာ မနားလိုသောငှက်ငယ်

မနေရက်လိုသော်လည်း ရင်တွင်းအသည်းက

ရွက်ဝါကြွေမြေလူးသည့်အလား

မသနားလို့ လှည့်စားရက်တယ်

ကစားစရာ အချစ်တစ်ခုရယ်လို့

အမှားရှာပြုရက်လေသလားကွယ်

စိတ်အစဉ်က အရိပ်အသွင်မြင်ဆဲ

စိတ်အစဉ်က အရိပ်အသွင်မြင်ဆဲကွယ်

ကျေးဇူးတင်ပါတယ် ..

winbo29

ဗညားဟန် থেকে আরও

সব দেখুনlogo
ဗညားဟန်-এর အရိပ်အသွင်မြင်နေဆဲ - লিরিক্স এবং কভার