သီချင်း - ခေတ္တအဝေး
တေးဆို - Bunny Phyo
တိမ်တွေမျှော်ငေးရင်း
အထီးကျန်ဆန်လွန်းချိန်
အပြင်မှာမြူနှင်းများ ဆက်တိုက်ကျဆင်းနေ
မိုင်တိုင်တွေရေရင်း တရိပ်ရိပ်ဖြတ်သန်းနေ
နင်မရှိသောအရပ် ငါမသွားချင်ပေမယ့်လေ
တစ်ချိန်မှာ တို့အတူနေနိုင်ဖို့
ငါတို့ခဏတာခွဲကွာဦး
ငါ့မျက်လုံးတွေမှိတ်လိုက်တိုင်းမှာ
မင်းပုံရိပ်တွေ အတွေးထဲရောက်လာ
အလွမ်းတွေကြီးစိုး ငါ့ရင်ထဲမှာ
ငါ့ရဲ့အဝေး နင်နေလို့မှကောင်းရဲ့လား
နေရာဒေသသစ် အစားအစာသစ်များလေ
ငါလေကြုံရလည်းဟေး မမက်မောနိုင်ပါဘူးဟေ့
ငါတစ်ယောက်တည်းနဲ့ အဓိပ္ပါယ်မရှိဘူးလေ
နင်နဲ့အတူစားတဲ့ ထမင်းဆိုင်မမီဘူးလေ
ဒီအလုပ်များနဲ့ လည်ပတ်ဆဲ
တစ်ချိန်မှာတို့အတူပြန်ဆုံမယ်
ငါ့မျက်လုံးတွေမှိတ်လိုက်တိုင်းမှာ
မင်းပုံရိပ်တွေ အတွေးထဲရောက်လာ
အလွမ်းတွေကြီးစိုး ငါ့ရင်ထဲမှာ
ငါ့ရဲ့အဝေး နင်နေလို့မှကောင်းရဲ့လား
ငါ့မျက်လုံးတွေမှိတ်လိုက်တိုင်းမှာ
မင်းပုံရိပ်တွေ အတွေးထဲရောက်လာ
အလွမ်းတွေကြီးစိုး ငါ့ရင်ထဲမှာ
ငါ့ရဲ့အဝေး နင်နေလို့မှကောင်းရဲ့လား
ငါ့ရဲ့အဝေး နင်နေလို့မှကောင်းရဲ့လား
ငါ့မျက်လုံးတွေမှိတ်လိုက်တိုင်းမှာ
မင်းပုံရိပ်တွေ အတွေးထဲရောက်လာ
အလွမ်းတွေကြီးစိုး ငါ့ရင်ထဲမှာ
ငါ့ရဲ့အဝေး နင်နေလို့မှကောင်းရဲ့လား