သီချင်း - လမ်းခွဲကဗျာ 
တေးဆို - Bunny Phyoe 
Instrumental 
oh ohh... oh ohh... 
ohh...oh 
အသည်းတဆစ်ဆစ်ကိုက် လွမ်းလို့ငါတွေး 
ကြယ်မစုံတောင်လင်းခဲ့ညလေးတွေ 
နာရီတွေကိုမေ့လို့ဖုန်းတွေပြောခဲ့တယ် 
မြက်ခင်းစိမ်းစိမ်းများ ကျောပြင်အောက်မှာချခင်း 
အဖြူရောင်တိမ်တွေငေးကြည့်နေရင်း 
သူမရဲ့အလှကို ကျွန်တော်ကဗျာတွေရေးဖူးတယ် 
လမ်းခွဲရမဲ့နေ့ရက်ရောက်လာလိမ့်မယ် 
ငါလေတကယ်ပါမထင်ထားမိခဲ့ 
အချိန်ကြာကြာသံယောဇဉ်ကြိုးတွေ 
ခေတ္တခဏနဲ့ပြတ်တောက်ခဲ့ 
မင်းနဲ့ငါ့နဲ့ 
သိပ်ချစ်ခဲ့လည်း 
အခုတော့ငါ့တို့ဝေးခဲ့ကြပြီပဲ 
အားလုံးအမြင်မှာ 
အရမ်းချစ်လာသမျှ 
တို့နှစ်ယောက်ကမ္ဘာဟာ 
အားလုံးပဲပြိုလဲ 
ohh oh 
oh..ohh 
စွယ်တော်ပင်ကအရွက်လေးလို 
နှစ်လွှာပေါင်းမှ တစ်ရွက်တည်းဆို 
အခုတော့သီချင်းလေးသက်သက် 
ဖြစ်လို့သွားပီလား 
ငါမခံနိုင်တဲ့ ဒီစကားများ 
နင်လေပြောထွက်ရက်ခဲ့တာ 
ပြန်ရုတ်သိမ်းပါဦး နင်ကျေနပ်နိုင်ဖို့ 
ငါဘာတွေလုပ်ရမလဲကွာ 
လမ်းခွဲရမဲ့နေ့ရက်ရောက်လာလိမ့်မယ် 
ငါလေတကယ်ပါမထင်ထားမိခဲ့ 
အချိန်ကြာကြာသံယောဇဉ်ကြိုးတွေ 
ခေတ္တခဏနဲ့ပြတ်တောက်ခဲ့ 
မင်းနဲ့ငါနဲ့ 
သိပ်ချစ်ခဲ့လည်း 
အခုတော့ငါတို့ ဝေးခဲ့ကြပြီပဲ 
အားလုံးအမြင်မှာ 
အရမ်းချစ်လာသမျှ 
တို့နှစ်ယောက်ဟာ 
အားလုံးပဲပြိုလဲ 
အချစ်တွေ ဘယ်ရောက်သွားသလဲ 
အချစ်တွေ ဘယ်ရောက်သွားသလဲ 
အချစ်တွေ ဘယ်ရောက်သွားသလဲ 
ပြောစမ်းပါ Baby 
အချစ်တွေ ဘယ်ရောက်သွားသလဲ 
အချစ်တွေ ဘယ်ရောက်သွားသလဲ 
ohh....ohh... 
နင့်အချစ် 
နင့်အချစ်တွေ ဘယ်ယောက်သွားသလဲ 
oh... ohhh.. 
ohhh... oh...