တရွေ့ရွေ့ ပြောင်းလို့သွားခဲ့ နေ့ရက်တွေ
အလွမ်းများက တိုးလို့နှိပ်စက်နေ
တမ်းတခဲ့ မင်းရဲ့ အငွေ့အသက်လေး
အနားနား အမြဲရှိစေချင်
ငါ့ရဲ့ညနဲ့ မနက်တွေထဲ
ဘယ်တော့မှတို့နှစ်ယောက် နီးမှာလဲ
ဘယ်အချိန်ထိငါ စောင့်ရမလဲ
တကယ်ကို တမ်းတမိတယ်
မင်းရဲ့ အနမ်းတွေလည်း
ငါတို့အမှတ်တရ များစွာလည်း
မင်းမေ့မပစ်လိုက်ပါနဲ့
ဘယ်လိုနေရာဝေးလို့သွားပါစေ
ငါ့ရင်ထဲမှာ မင်းတစ်ယောက်တည်း
ကြယ်ပွင့်လေးများလည်း လမ်းပြဦး
ကောင်မလေးနဲ့နီးနိုင်ဖို့
အနေဝေးလို့သွေးအေးသွားမှာ ငါကြောက်လို့
မင်းစိတ်ထဲအမြဲတမ်းရှိပါစေ
ဆုံနိုင်မှာပါ တို့နှစ်ယောက်တစ်နေ့
အခုတော့ ဖုန်းလေးထဲပဲ
အလွမ်းပြေ အနမ်းတွေပေး
ငါ့ကိုအမြဲလို သည်းခံနားလည်ပေးသူ
ပြဿ နာတိုင်းဟာသူရဲ့အမှားလို ့တွေးသူ
အဝေးမှာ ရောက်နေလည်း စိတ်သာချ ဘေးလူ
စကားတွေနားမယောင်နဲ့
ငါတို့ဘယ်တော့မှ မဝေးဘူး
စွယ်တော်ပင်က အရွက်လေးလို့
နှစ်လွှာပေါင်းမှ တစ်ရွက်တည်းဆို
တစ်နေ့တော့ပေါင်းမယ်
ငါတို့နှစ်ယောက်ရဲ့ နှလုံးသား နှစ်ခုလည်း
တစ်ခုတည်း အဖြစ်သို့ ရောက်နိုင်ဖို့
ငါတို့အမှတ်တရ များစွာလည်း
မင်းမေ့မပစ်လိုက်ပါနဲ့
ဘယ်လိုနေရာဝေးလို့သွားပါစေ
ငါ့ရင်ထဲမှာ မင်းတစ်ယောက်တည်း
ကြယ်ပွင့်လေးများလည်း လမ်းပြဦး
ကောင်မလေးနဲ့နီးနိုင်ဖို့
အနေဝေးလို့ သွေးအေးသွားမှာ ငါကြောက်လို့
မင်းစိတ်ထဲ အမြဲတမ်းရှိပါစေ
ဆုံနိုင်မှာပါ တို့နှစ်ယောက်တစ်နေ့
အခုတော့ ဖုန်းလေးထဲပဲ
အလွမ်းပြေ အနမ်းတွေပေး
ကြယ်ပွင့်လေးများလည်း လမ်းပြဦး
ကောင်မလေးနဲ့နီးနိုင်ဖို့
အနေဝေးလို့သွေးအေးသွားမှာ ငါကြောက်လို့
မင်းစိတ်ထဲအမြဲတမ်းရှိပါစေ
ဆုံနိုင်မှာပါ တို့နှစ်ယောက်တစ်နေ့
အခုတော့ ဖုန်းလေးထဲပဲ
အလွမ်းပြေ အနမ်းတွေပေး
ကြယ်ပွင့်လေးများလည်း လမ်းပြဦး
ကောင်မလေးနဲ့နီးနိုင်ဖို့
အနေဝေးလို့သွေးအေးသွားမှာ ငါကြောက်လို့
မင်းစိတ်ထဲအမြဲတမ်းရှိပါစေ
ဆုံနိုင်မှာပါ တို့နှစ်ယောက်တစ်နေ့
အခုတော့ ဖုန်းလေးထဲပဲ
အလွမ်းပြေ အနမ်းတွေပေး