အိမ်မက်ဖောင်ကြီး
ဘိုဖြူ
ဆံကေသာတချက်ခါလိုက်တိုင်း
ဒီရင်ကိုတချက်လာရိုက်ခက်
လေမုန်းတိုင်းမွေ့သလိုပါဘဲ
မိန်းမခချောလေးရယ်
ကိုလေကံကောင်းလား
ကိုလေကံဆိုးလား ရင်မှာလေ
တကယ်ဝေခွဲမရတယ်
ဘယ်ညာအမြန်လျှောက်နေရချိန်
ကြင်နာသူလိုက်နိုင်ပါ့မလား
ကြိုတင်ကာစိုးရိမ်စိတ်ထား
သနားမိတယ် စိုနေတဲ့ချွေးလေး
အသာတကြည်လေသုတ်ပေး
ဘာကြောင့်များကူညီခွင့် မရလဲ
ဖောင်ကြီးမှာမှ ဆုံရတယ်လို့်
ဘယ်လိုရေစက်လဲမသိဘူး
မင်းကောသိလား
ပင်ပန်းပေမယ့် လသာညလေး
ကိုလေ၀င်အိပ်မှ နှမြောလှပေါ့ကွယ်
အိမ်မက်မှမနိုးချင်လည်းလေ
အချိန်တန်တော့မိုးရယ်လင်းမယ်
ဘ၀စစ်ကနှယောက်ဆိုအထင်သေး
ရှုံ့ချကြမယ်
ကိုလေရှေ့တိုးမလား
ကိုလေပြန်ဆုတ်မလား
ဒီအချိန်ထိ ရင်မှာဒွိဟပဲ
Intro
ဆံကေသာတချက်ခါလိုက်တိုင်း
ဒီရင်ကိုတချက်လာရိုက်ခက်
လေမုန်းတိုင်းမွေ့သလိုပါဘဲ
မိန်းမခချောလေးရယ်
ကိုလေကံကောင်းလား
ကိုလေကံဆိုးလား ရင်မှာလေ
တကယ်ဝေခွဲမရတယ်
ဘယ်ညာအမြန်လျှောက်နေရချိန်
ကြင်နာသူလိုက်နိုင်ပါ့မလား
ကြိုတင်ကာစိုးရိမ်စိတ်ထား
သနားမိတယ် စိုနေတဲ့ချွေးလေး
အသာတကြည်လေသုတ်ပေး
ဘာကြောင့်များကူညီခွင့် မရလဲ
ဖောင်ကြီးမှာမှ ဆုံရတယ်လို့်
ဘယ်လိုရေစက်လဲမသိဘူး
မင်းကောသိလား
ပင်ပန်းပေမယ့် လသာညလေး
ကိုလေ၀င်အိပ်မှ နှမြောလှပေါ့ကွယ်
အိမ်မက်မှမနိုးချင်လည်းလေ
အချိန်တန်တော့မိုးရယ်လင်းမယ်
ဘ၀စစ်ကနှယောက်ဆိုအထင်သေး
ရှုံ့ချကြမယ်
ကိုလေရှေ့တိုးမလား
ကိုလေပြန်ဆုတ်မလား
ဒီအချိန်ထိ ရင်မှာဒွိဟပဲ
ကိုလေရှေ့တိုးမလား
ကိုလေပြန်ဆုတ်မလား
ဒီအချိနိထိ ရင်မှာဒွိဟပဲ