ကယ်ရီယာမပါတဲ့ဘီး
ဘိုဖြူ
တေးရေး စိုင်းခမ်းလိတ်
လာပါကွယ် ကျောင်းအားတဲ့နေ့ပဲ
တစ်နေကုန်အောင်
ဘီးကလေးနဲ့လျှောက်လည်မယ်
ရှေ့တန်းမှာ ထိုင်ပါနော် အချစ်ရယ်
ကယ်ရီယာမပါဘူးကွယ်
သူကလည်း စကားပြောလို့လှည့်အလာ
ကိုယ်ကလည်း ရှေ့ငုံ့ပြီးနားအထောင်မှာ
မတော်တဆနဲ့ ကြုံတယ် ဒီအနမ်းရယ်
တမင်လိုဖြစ်သွားတယ်
ပျော်ရဲ့လားလို့
ပြိုင်တူမေးမိလို့
ရယ်ကြရသေးတယ်
ခဏတာပေမယ့် မေ့မရဘူးကွယ်
နောင်ကိုလည်း ကျောင်းအားလို့
လျှောက်လည်ရင်
ကယ်ရီယာမပါတဲ့ဘီးပဲ စီးချင်တယ်
ရှေ့တန်းမှာ ထိုင်ပါမှပဲ
ကိုယ်ပျော်မယ်အချစ်ရယ်
ပျော်ရဲ့လားလို့
ပြိုင်တူမေးမိလို့
ရယ်ကြရသေးတယ်
ခဏတာပေမယ့် မေ့မရဘူးကွယ်
နောင်ကိုလည်း ကျောင်းအားလို့
လျှောက်လည်ရင်
ကယ်ရီယာမပါတဲ့ဘီးပဲ စီးချင်တယ်
ရှေ့တန်းမှာ ထိုင်ပါမှပဲ
ကိုယ်ပျော်မယ်အချစ်ရယ်
ကျေးဇူးတင်ပါတယ် ..