ကျူရိုးနဲ့တိုင်းရင်
သမုဒ္ဒရာအနက်ကို
တွက်နိုင်ပေမယ့်
မောင့်မေတ္တာကနက်ရှိုင်းတယ်
ဘယ်အရာနဲ့မှတိုင်းမရနိုင်ဘူး.
. . . ကွယ်
ကျူရိုးနဲ့တိုင်းရင်
သမုဒ္ဒရာအနက်ကို
တွက်နိုင်ပေမယ့်
မောင့်မေတ္တာကနက်ရှိုင်းတယ်
ဘယ်အရာနဲ့မှ
တိုင်းမရနိုင်ဘူး ကွယ်
သမုဒယကမ္ဘာထဲမှာကွယ်
သော့ခတ်ပြီးတော့
တစ်ယောက်တည်းချစ်မယ်
အပြုံးချင်း ဖလှယ်လို့
တစ်ယောက်လက်တစ်ယောက်တွဲ
မခွဲနိုင်ပါယုံကွယ်. . .
မိန်းကလေးနဖူးပြင်မှကွယ်
ဆံစလေးတွေ
တွဲလွဲခိုရင်းလိုက်နေချင်တယ်
အမြင်မှာစိတ်ရွှင်လန်းတယ်
ချစ်ရတာသိပ်ပင်ပန်း လှ တယ်
ready
မိန်းကလေးညှို့ယူထားလို့
မြှုံး မိတဲ့ငါးကလေးသဖွယ်
အသည်းတွေတုန်အောင်
ချစ်မိတယ်. .
စိန်ရတနာအစား
မေတ္တာတစ်ဆင်စာပေးရင်
ယူမလား ကွယ်
ready
မိန်းကလေးညှို့ယူထားလို့
မြှုံး မိတဲ့ငါးကလေးသဖွယ်
အသည်းတွေတုန်အောင်
ချစ်မိတယ်. .
စိန်ရတနာအစား
မေတ္တာတစ်ဆင်စာပေးရင်
ယူမလား ကွယ်
မောင့်အသည်းကိုဖိုးလမင်းပမာ
အဆိပ်ဆူးနဲ့ထိုးဆွချင်သလား
ပြောစမ်းအချစ်ရယ်. . .
မာယာမုန်တိုင်းနဲ့
အတောင်ကျိုးတဲ့
ဖိုးရွှေငှက်သဖွယ်
အညှိုးမပြေရတက်မအေး
တစ်မျိုးနေခက်သေးတယ်
အပြင်ပန်းကကြည့်လိုက်ရင်တော့
အလှပတွေရွှန်း မြမြ
ထိရက်စရာမရှိအောင်
အမြင်သာလှပေမယ့်
တစ်နည်းရှာကြည့်စရာ
သစ္စာညိုးမယ်
ကျီးအာသီးပမာမေတ္တာမျိုးပါ ကွယ်
ready
ခွင့်လွှတ်ရပါများတော့
သံယောဇဉ်ကြိုးအမျှင်
တန်းကလေးတွေ
တစ်သက်မုန်းပေးမယ့်
ဆက်ထုံးလေးတွေရှိနေပြီကွယ်
နှလုံးထိတ်စရာ
ပိတုန်းလိပ်ပြာရစ်ဝဲပြန်တော့
ဥယျာဉ်မှူးခမျာ
အသည်းမှာတုန်သလိုနှယ်
မိန်းကလေးညှို့ယူထားလို့
မြှုံး မိတဲ့ငါးကလေးသဖွယ်
အသည်းတွေတုန်အောင်
ချစ်မိတယ်
စိန္တေမြတ်ထံပါးဝယ်
ဆုပန်သလိုက်ချင်ရဲ့
ဘ၀ဆက်ဆက်ဆုံဆည်းပါ့ရစေကွယ်