menu-iconlogo
huatong
huatong
avatar

သင်းကွဲငှက်ရဲ့ နှလုံးသား

မင်းဂျွန်​စိုးhuatong
লিরিক্স
রেকর্ডিং
သင်းကွဲငှက်ရဲ့ နှလုံးသား

တေးရေး ဆရာမင်းဂျွန်စိုး

တေးဆို ဆရာမင်းဂျွန်စိုး

တစ်ခါတုန်းက

သင်းကွဲငှက်တွေ ယာယီခိုနားရာ

နှလုံးသားတစ်ခု ဖြစ်ခဲ့တာကို

မျက်ရည်တွေနဲ့ ဝမ်းသာတယ်

ဂန္တဝင်မြောက်အလွမ်းတွေကိုလဲ

မြန်မာဆန်တဲ့

တေးအဖြစ် ဖန်တီးကာ...

ကျွန်တော်ရေးတဲ့သီချင်းလေးများကို

လိုချင်ရင် ပေးမယ်

ရှင်းသန့်တဲ့ကျွန်တော့်စိတ်စေတနာ

မတုံ့ပြန်ရင်လဲ ရပါတယ်

ဒါပေမဲ့ ကျွန်တော့ရင်ကို

မခွဲဖို့ ကျွန်တော်ထာဝရ

ဒူးထောက်ကာတောင်းပန်

ခဏလေးနားခိုဖူးခဲ့သော

သင်းကွဲနေတဲ့

အဖော်ပျောက်ငှက်တွေ

ခုဆိုရင် ရောက်မလာတော့ဘူး

ပြန်လာမလား အတွေးနဲ့

မျှော်မိတယ်

ထာဝရသည်းခံခြင်းတွေနဲ့

ခွင့်လွှတ်နေမဲ့ ကျွန်တော့်

နှလုံးသားမှာ သီချင်းတွေသာ

ဖြစ်တည်နေဆဲ

တွယ်နှောင်ဆဲ အတိတ်က

သံယောဇဉ်

ကျွန်တော်မသိလို့ ပျိုးခဲ့မိတဲ့

ထာဝဇဉ်အဆိပ်ပန်းတွေ

ပန်းမျိုးစေ့မခွဲမိသူကို

တစ် တရားခံလို့

အပြစ်ပုံရင်

ကျွန်တော်တစ်ယောက်တည်း

အပြစ်ရယ် အရှိဆုံးလူ

ကံကံရဲ့ အကျိုးအတိုင်းသာရှိစေ

နေရာတိုင်းမှာပွင့်နေကြပြီ

ဝါဆိုမိုး သီချင်းလေးများ

ကြားတိုင်းရင်မှာ စိတ်နာနာနဲ့

ဝမ်းသာတယ်

အောင်မြင်မှုပန်းတိုင်

တဝက်ခရီးမှာ

ရေနဲ့ပန်းဝေးတဲ့အဖြစ်မျိုးကြုံ

ကျွန်တော်ပေးတဲ့

အမှတ်တရလက်ဆောင်

ရွှေဖြစ်စေ

စဉ်းလဲမှုကင်းဝေးပါစေ

မီးကိုရေနဲ့ ငြိမ်းကာရယ်

ကျွန်တော်နောက်ဆုံး

ဝေးရာကိုပြေးပြီ

ဘယ်အရာမှ မမြဲဘူး

ဘဝခရီးမှာ

ကျွန်တော်ရေးပေးတဲ့

သီချင်းတွေဆို

အသည်းနှလုံးကိုလဲ

သူတို့နင်းခြေ အသိဥာဏ်တေ

ွပျောက်ကွယ်နေဆဲ

ငွေရှင်များ မြှောက်ပင့်ကာ

ပေးသလို

မရှိသုံးသုံးတာ သိသော်လည်း

သင်းကွဲငှက်များ

ကျွန်တော့်နှလုံးသားမှာ

နားခိုရန်ဖြစ်တည်နေဆဲ

ဒါပေမဲ့ ခေတ္တခိုနားရာ

ကျွန်တော်မွေးရပ်

တိုးမြစ်ကမ်းခြေ

ကျွန်တော်ပြန်ပါတော့မယ်

ကျောပိုးအိတ်

အဟောင်းလေးကိုလွယ်

တွေ့ကြုံဆုံကွဲ တရားကိုနာ

သံသရာအကြွေးရှိနေရင်လဲ

ကျွန်တော်ဒီဘဝ

ပေးဆပ်ခဲ့ပြီးပြီ

အားလုံးပဲ

ကျေးဇူးအထူးတင်ပါတယ်

တေးသီချင်းလေးတွေ

သီဆိုပျော်ရွှင်နိုင်ကြပါစေ

မင်းဂျွန်​စိုး থেকে আরও

সব দেখুনlogo