နွယ်ညို
တေးရေး - ကိုအေး (ပခုက္ကူ)
တေးဆို - မနော
3
2
1
Go...
အတူတူ ကစားခဲ့ကြ နေဝင်ချိန်
အရောင်မှိန် ခမ်းနားတဲ့အချိန်
ပြန်လည်အမှတ်ရနေဆဲ...
နွယ်ညိုရေ...
ပင်ယံထက်ဆီမှာလေ
ပွင့်ဖူး ခဲ့တဲ့ပန်းလေးတွေလည်း..
တချိန်မှာတော့ ကြွေမှာကို
သိထားလည်းပဲမှန်းလို့မျှော်ဆဲ
နွယ်ညိုရေ ငါလွမ်းနေဆဲပဲ
3
2
Go
မမေ့ဘူးကွယ့် မိညိုရေ...
ဟိုတခါပြောဖူးခဲ့တဲ့လမင်းကြီးကို
ငေးကြည့်နေတုန်းငါ့ပခုံးထက်မှာမှီကာ
ဒီကမ္ဘာမှာအချစ်ဆုံးတဲ့လေ
နွယ်ညိုရေ နွယ်ညိုရေ
နွယ်ညိုရေ...လွမ်းလိုက် တာလေ
အခုတော့ဘယ်ဆီရောက်နေ အညာမြေမှာ ဝေဝေဆာ
တမာကြွေ ဒီလမ်းထဲမှာ နင်ပေးခဲ့တဲ့ အချစ်ဒဏ်ရာ
ရွှေစေတီ ဘုရားရှေ့မှာ နင့်အတွက်ရည်ရွယ်ကာ
ဆုတောင်းလေးတွေ မပြည့်ဘူး မိညိုရာ...
မိုတွေညိုလာခဲ့ရင် ပြေးပုန်းစရာ ရင်ခွင်မှာ
ပါးပြင်သနပ်ခါးလေးတွေ ပျက်နေမှာ စိုးလို့
ကာပေးခဲ့တဲ့ သူပါ…
မနမ်းရက်ပါဘူး မိညိုရာ..
(စကားပြော)
မိညိုရေ
တကယ်တော့ ချစ်ရသူက လွမ်းရတာပါဟာ
ငါလေနင့်ကို တစ်နေ့မှ မေ့လို့ မရဘူး မိညို
ငါရင်ဘက်ကိုလာစမ်းကြည့်ပါလားဟင်
နင့်အငွေ့သက်လေးတွေ ယနေ့...ထိ
ရှိနေဆဲပါနွယ်ညိုရယ် ရှိနေဆဲပါ
ငါ့ဆီတစ်ခေါက်လောက် ပြန်လာခဲ့ပါလားဟင်
ငါမျှော်နေတယ် နွယ်ညိုရယ်
(ငါမျှော်နေတယ်)
3
2
Go
ပင်ယံထက်ဆီမှာလေ
ပွင့်ဖူး ခဲ့တဲ့ပန်းလေးတွေလည်း..
တချိန်မှာတော့ ကြွေမှာကို
သိထားလည်းပဲမှန်းလို့မျှော်ဆဲ
နွယ်ညိုရေ ငါလွမ်းနေဆဲပဲ
မမေ့ဘူးကွယ့် မိညိုရေ...
ဟိုတခါပြောခဲ့ဖူးတဲ့လမင်းကြီးကို
ငေးကြည့်နေတုန်းငါ့ပခုံးထက်မှာမှီကာ
ဒီကမ္ဘာမှာအချစ်ဆုံးတဲ့လေ
နွယ်ညိုရေ နွယ်ညိုရေ
နွယ်ညိုရေ...လွမ်းလိုက် တာလေ
အခုတော့ဘယ်ဆီရောက်နေ အညာမြေမှာဝေဝေဆာ
တမာကြွေဒီလမ်းထဲမှာ နင်ပေးခဲ့တဲ့အချစ်ဒဏ်ရာ
ရွှေစေတီ ဘုရားရှေ့မှာ နင့်အတွက်ရည်ရွယ်ကာ
ဆုတောင်းလေးတွေ မပြည့်ဘူး မိညိုရာ...
မိုတွေညိုလာခဲ့ရင် ပြေးပုန်းစရာရင်ခွင်မှာ
ပါးပြင်သနပ်ခါးလေးတေ ပျက်နေမှာစိုးလို့
ကာပေးခဲ့တဲ့ သူပါ…မနမ်းရက်ပါဘူး မိညိုရာ..
မမေ့ဘူးကွယ့် မိညိုရေ...
ဟိုတခါပြောခဲ့ဖူးတဲ့လမင်းကြီးကို
ငေးကြည့်နေတုန်းငါ့ပခုံးထက်မှာမှီကာ
ဒီကမ္ဘာမှာအချစ်ဆုံးတဲ့လေ
နွယ်ညိုရေ နွယ်ညိုရေ
နွယ်ညိုရေ...လွမ်းလိုက် တာလေ
နွယ်ညိုရေ နွယ်ညိုရေ
နွယ်ညိုရေ...လွမ်းလိုက် တာလေ
နွယ်ညိုရေ နွယ်ညိုရေ
နွယ်ညိုရေ...လွမ်းလိုက် တာလေ
တေးရေး၊ တေးဆိုများအား အထူး
ကျေးဇူးတင်ရှိလျှက်
လေးစားစွာဖြင့်