မြင့်မြတ်သောတော်ဝင်ပန်းများ
ထွန်းကြိုင်
? မနော
.........................
ကေသာ
သုံညာ
အတ္တေနဝါ
အတ္တနိနဝါ
ဆံပင်၌ ငါ သူတစ်ပါးယောက်ျားမိန်းမမရှိ
ဆံပင်သည် ငါ သူတစ်ပါးယောက်ျားမိန်းမမဟုတ်
လောမာ
သုံညာ
အတ္တေနဝါ
အတ္တနိနဝါ
မွေးညင်း ၌ ငါ သူတစ်ပါးယောက်ျားမိန်းမမရှိ
မွေးညင်းသည်
ငါသူတစ်ပါးယောက်ျားမိန်းမမဟုတ်
................
အလှပန်းတင်မြတ်နိုးရသော
ဆံကေသာ သနပ်ခါး စွန့်ခွာ
ဖန်ရည်ဆိုးသောအဝတ်ကို
တစ်သက်တာဆင်မြန်းလို့ရယ်
ဗုဒ္ဓရဲ့ဓမ္မစာပေကျမ်းဂန်
သင်အံရင်း ရှင်သန်
ရခဲလှသောလူ့ဘဝတိုတို
အလှနဲ့မတည်ဆောက်
ဓမ္မရဲ့လမ်းကိုလျှောက်
အနုသယ နီဝရဏတရားကိုပယ်
နိက္ခမပါရမီဖြည့်ဆည်း
အာဂအမျိုးသမီးများဖြစ် သည်
......................
အလှပန်းတင်မြတ်နိုးရသော
ဆံကေသာ သနပ်ခါး စွန့်ခွာ
ဖန်ရည်ဆိုးသောအဝတ်ကို
တစ်သက်တာဆင်မြန်းလို့ရယ်
ဗုဒ္ဓရဲ့ဓမ္မစာပေကျမ်းဂန်
သင်အံရင်း ရှင်သန်
ရခဲလှသောလူ့ဘဝတိုတို
အလှနဲ့မတည်ဆောက်
ဓမ္မရဲ့လမ်းကိုလျှောက်
အနုသယ နီဝရဏတရားကိုပယ်
နိက္ခမပါရမီဖြည့်ဆည်း
အာဂအမျိုးသမီးများဖြစ်သည်
............................
ရွှေငွေအလှမမက ်
ဣန္ဒြေတရားဖက်
ရှစ်ပါးကိုးပါးသီလများကို
သိက္ခာဆောက်တည်
မြတ်သောအကျင့်ကို ကျင့်ကြံသူ
အမျိုးသမီးပင်ဖြစ်လင့်ကစား
သီလတရားမြဲမြံသူ
လက်ဆယ်အုပ်မိုး ရှိခိုးထိုက်ပေသည်
...................
မိန်းမသားပဲ လေ
နိမ့်ကျတယ်အယူဆအမှား
မထီမဲ့မြင် မပြုကြဖို့
သတိတရားချပ်စေ
သာသနာ့ဘောင်နယ်ထဲ
ထာဝစဉ်မွေ့လျော်စေဖို့
ပါရမီဖြည့် လို့ကူ
သီလရှင်ဆရာလေးများကို
အလေးအမြတ်ထားလို့ လှူဒါန်းပူဇော်
ကမ္ဘာတည် သရွေ့
သာသနာတော်ကြီးတောက်ပစေ
........................
........................
အလှပန်းတင်မြတ်နိုးရသော
ဆံကေသာ သနပ်ခါး စွန့်ခွာ
ဖန်ရည်ဆိုးသောအဝတ်ကို
တစ်သက်တာဆင်မြန်းလို့ရယ်
ဗုဒ္ဓရဲ့ဓမ္မစာပေကျမ်းဂန်
သင်အံရင်း ရှင်သန်
ရခဲလှသောလူ့ဘဝတိုတို
အလှနဲ့မတည်ဆောက်
ဓမ္မရဲ့လမ်းကိုလျှောက်
အနုသယ နီဝရဏတရားကိုပယ်
နိက္ခမပါရမီဖြည့်ဆည်း
အာဂအမျိုးသမီးများဖြစ်သည်
.................
ရွှေငွေအလှမမက ်
ဣန္ဒြေတရားဖက်
ရှစ်ပါးကိုးပါးသီလများကို
သိက္ခာဆောက်တည်
မြတ်သောအကျင့်ကို ကျင့်ကြံသူ
အမျိုးသမီးပင်ဖြစ်လင့်ကစား
သီလတရားမြဲမြံသူ
လက်ဆယ်အုပ်မိုး ရှိခိုးထိုက်ပေသည်
.......................
မိန်းမသားပဲ လေ
နိမ့်ကျတယ်အယူဆအမှား
မထီမဲ့မြင် မပြုကြဖို့
သတိတရားချပ်စေ
သာသနာ့ဘောင်နယ်ထဲ
ထာဝစဉ်မွေ့လျော်စေဖို့
ပါရမီဖြည့်လို့ကူ
သီလရှင်ဆရာလေးများကို
အလေးအမြတ်ထားလို့ လှူဒါန်းပူဇော်
ကမ္ဘာတည်သရွေ့
သာသနာတော်ကြီးတောက်ပစေ
ရွှင်လန်းချမ်းမြေ့ကြပါစေ...
Say Z