အခင်းမြက်ကမြကော်ဇောအလား
ပန်းဖောက်ထားတဲ့လမ်းသွယ်လေးတွေ
ခေတ်အဆက်ဆက်အရစ်တက်တဲ့ရွှေ
လိမ်းသုတ်ထားတဲ့မင်းတို့ နန်းဆောင်တွေ
ဝင်းဝါနေသောမန္တလာမြေ
အမြဲသာယာတဲ့နန်းတော်ရှေ့ 
မခွဲနိုင်တော့ဘူးမပြန်ချင်ပါဘူးဟင်္သာရေ
မင်းတို့ နန်းအတွက်ဦးဆွေးဆံမြေ့ 
ထမ်းရွက်ဖို့ အတွက်ကတိပြုပါတယ်လေ
မင်းတို့ ရဲ့ နန်းတွင်းရှေ့ မှာ
တံခါးမှူး အဖြစ်ထမ်းခွင့်ပေးပါလေ
အရမ်းကဗျာဆန်သောဟင်္သာရေ
ပန်းသဏ္ဍန်ရှိသောဟင်္သာရေ
မခွဲနိုင်တော့ဘူးမပြန်ချင်ပါဘူးဟင်္သာရေ
ဟင်္သာတို့ ရဲ့ နန်းတော်ရှေ့ 
ဟင်္သာတို့ ရဲ့ နန်းတော်ရှေ့ 
ဟင်္သာတို့ ရဲ့ နန်းတော်ရှေ့ မှာ
ံတံခါးမှူးအဖြစ်နဲ့ လေ
တို့ တာဝန်တွေ (ထမ်းရွက်ပါရစေ)၄ ဦး
ချစ်သောဟင်္သာရေ
ညှင်းသဲ့သဲ့မုတ်သုန်လေအလူး
ဝါးရွက်တို့ ကမြခြူ သံပမာ
အဆင်းလှလှနှင်းညတညမှာ
သင်းတမြမြပန်းပွင့်နှင်းဆီတွေ
ဖူးဝေနေသောမန္တလာမြေ
အမြဲသာယာတဲ့နန်းတော်ရှေ့ 
မခွဲနိုင်တော့ဘူးမပြန်ချင်ပါဘူးဟင်္သာရေ
မင်းတို့ နန်းအတွက်ဦးဆွေးဆံမြေ့ 
ထမ်းရွက်ဖို့ အတွက်ကတိပြုပါတယ်လေ
မင်းတို့ ရဲ့ နန်းတွင်းရှေ့ မှာ
တံခါးမှူး အဖြစ်ထမ်းခွင့်ပေးပါလေ
အရမ်းကဗျာဆန်သောဟင်္သာရေ
ပန်းသဏ္ဍန်ရှိသောဟင်္သာရေ
မခွဲနိုင်တော့ဘူးမပြန်ချင်ပါဘူးဟင်္သာရေ
ဟင်္သာတို့ ရဲ့ နန်းတော်ရှေ့ 
ဟင်္သာတို့ ရဲ့ နန်းတော်ရှေ့ 
ဟင်္သာတို့ ရဲ့ နန်းတော်ရှေ့ မှာ
ံတံခါးမှူးအဖြစ်နဲ့ လေ
တို့ တာဝန်တွေ (ထမ်းရွက်ပါရစေ)၄ ဦး
ချစ်သောဟင်္သာရေ
ဟင်္သာတို့ ရဲ့ နန်းတော်ရှေ့ 
ဟင်္သာတို့ ရဲ့ နန်းတော်ရှေ့ 
ဟင်္သာတို့ ရဲ့ နန်းတော်ရှေ့ မှာ
ံတံခါးမှူးအဖြစ်နဲ့ လေ
တို့ တာဝန်တွေ (ထမ်းရွက်ပါရစေ)၄ ဦး
ချစ်သောဟင်္သာရေ