ရေပြာလှိုင်း ကမ်းခြေဆီ …
မြေနီလမ်းကလေးကို
ဖြတ်လျှောက်ခဲ့သည်
နေခြည်ရောင်ဝါ ခြုံလွှမ်းသည် …
ပင်လယ်စင်ရော်တွေ ပျံဝဲလျက်ရှိသည် …
အနောက်ဘက် မိုးတိမ်တွေလည်း
မျောလွင့်ကြသည် …
အဝေးက ထုံးစေတီလေး
ဖူးတွေ့မှန်းရည်
ဆည်းလည်းခတ်သံတွေလည်း
သဲ့သဲ့မျှ ကိုယ်ကြားသည် …
ဆံပင်တွေ မျောလွင့်နေသည် …
ဒီရေတိုးတက်သံ
သဲ့သဲ့ ကြားသည်
ငိုသံလိုလို ထင်မိသည် …
တစ်ချိန်တစ်ခါဆီကို မျှော်ရည်
အသည်းနစ် မြစ်နဒီ …
သက္ကရာဇ်နောက်ပြန် အတိတ်သွား
ရထားကလေး တစ်စင်းသည် …
ရုတ်တရက်ခွဲခွာကာလ
အဟောင်းများသို့ဆီ …
ကမ်းစပ်ဘေးကရွာလေး
တဲစုစု အိမ်တန်းဆီ …
တူနှစ်ကိုယ် မနီးစပ်နိုင်ပြီ …
နှစ်ကိုယ်တူမှန်းတဲ့
အနာဂတ် အချစ်တိုင်းပြည် ..
ထူထောင်နိုင်ရန် စွန့်စားမည် …
သူငိုနေစဉ် နေဝင်စချုပ်ညရီ …
နှေးတုံ့လေးကန် ခြေလှမ်းများ စခဲ့သည် …
တရွေ့ရွေ့ ရွေ့ကျန်ရွာကလေး
ပြပြအဝေးသည် …
တစ်နေ့တော့ အချစ်ရွှေလက်တွဲ
နွှဲဆက်ဖို့ ပြန်ခဲ့မည် …
… SoLo …
ကိန္နရာချောင်း ခြားလေပြီ …
ကံကြမ္မာတရားက
ရှင်ကွဲ ခွဲရက်သည် …
တိမ်လို လေလို လွင့်သွားပြီ …
ရာသီတွေရယ် အလီလီ
ပြောင်းလဲခဲ့သည် …
နှလုံးသား နှုတ်ငုံတော်ဦး
ဖူးပွင့်ခဲ့ပြီ …
အဝေးရောက်ချစ်သူ ပြန်အရောက်
နောက်ကျခဲ့ပြီ …
အသည်းအသက်လက်လွန် တစ်ဆင့်စကား
နားနင့်နင့် ရင်ဆို့ပြီ …
ကြည်လဲ့စိမ်း မြနဒီ …
ရွှေရောင်ငါးလေးတွေ
ရှိတဲ့အရပ်ဆီ …
ရေမှာ ကွယ်လွန်သူ ရှိသည် …
သူရေ ကိုယ်ပြန်လာတယ်
အတိတ်နေ့ တစ်နေ့ဆီ …
သဲမွမွသောင်ခုံ တဲစုစု အရပ်ဆီ …
အဝေးရောက်ချစ်သူ ပြန်အရောက်
နောက်ကျခဲ့ပြီ …
စတေးခဲ့တဲ့ ရေပြင်ကလေး
လှိုင်းထလို့ ကျန်ခဲ့ပြီ …
မှော်ဆရာကလေး ဖြစ်ချင်သည် …
ပုံပြင်ဟောင်းကလေး
အသက်သွင်း မိတော့မည် …
တမလွန်ရွာသူ မြစန်းကြည် …
ဒီရင် ဒီလွင် ဒီနင် နှလုံးသားအရပ်ဆီ …
အထိမ်းအမှတ် မျက်ရည်မြစ်ကလေး
စီးဆင်းခဲ့သည် …
အခုတော့ ပါးစပ်ရာဇဝင်လေး
တစ်ခုဖြစ်ခဲ့ပြီ …
လှိုင်းအဆင့်ဆင့် ရင်ရင်လှိုင်း
လွမ်းရစ်မယ့် နဒီအပါးဆီ …
ဘလက်အီးဂဲလ်( BEF )
Thank for singing ......