menu-iconlogo
huatong
huatong
লিরিক্স
রেকর্ডিং
ခေါ်သံ

မို့မို့ဇော်ဝင်း

ဟူးဟူးဟူ ဟူးဟူးဟူ ဟူးဟူး

ဟူးဟူးဟူ ဟူးဟူးဟူ ဟူးဟူး

နှလုံးသွေးများလည်း

ရပ်တန့်မလောက်

ခံစားမှုတွေကိုယ်စီ

သူရယ်ကိုယ်ခွဲခဲ့ရချိန်လေး

နားထဲကမထွက်တော့တဲ့

အချစ်ဆုံးရဲ့ခေါ်သံတွေ

အာရုံမှာမှားပြီးကြားယောင်နေ

ဟူးဟူးဟူ ဟူးဟူးဟူ ဟူးဟူး

ခေါ်သံလေးများ

ကြားခွင့်ရချင်သေး

ဟူးဟူးဟူ ဟူးဟူးဟူ ဟူးဟူး

နှလုံးသားလေးဖွင့်

နားစွင့်မိတယ်လေ

လေထဲကမင်းအသံတွေ

.......

အခန်းရှေ့ကအုန်းလက်တို့

လေတိုးတဲ့ဒီအသံတွေ

ခြေသံတွေများလားစိတ်မှာတွေး

ပြတင်းပေါက်သို့မိုးစက်တို့

လာရောက်ထိမှန်သံတွေ

သူပြန်လာကာတံခါး

ခေါက်သလားထင်နေ

ဟူးဟူးဟူ ဟူးဟူးဟူ ဟူးဟူး

ခေါ်သံလေးများ

ကြားခွင့်ရချင်သေး

ဟူးဟူးဟူ ဟူးဟူးဟူ ဟူးဟူး

နှလုံးသားလေးဖွင့်

နားစွင့်မိတယ်လေ

လေထဲကမင်းအသံလေး

.......

ဟို ကိုယ့်ရဲ့မျက်စိများထဲ

အမြဲရှိသူ

ကိုယ့်ရဲ့နားများထဲလည်း

ကြားဖူးသူ

ကြင်နာသူရေ

ဘယ်လိုမေ့လို့ရမှာလဲ

စမ်းချောင်းလေးများ

နားထဲစီးခဲ့သလို

စွဲလမ်းဖူးတဲ့မင်းရဲ့

အပြောများကို

ဘယ်ချိန်ဘယ်ခါ

ပြန်လည်ကြားခွင့်ရမှာလဲ

ကြင်နာသူရေပြန်ဆုံချင်တယ်

ခေါ်သံဒီအချစ်သီချင်းလေးတွေ

ခေါ်သံလေးများ

ကြားခွင့်ရချင်သေး

ဟူးဟူးဟူ ဟူးဟူးဟူ ဟူးဟူး

နှလုံးသားလေးဖွင့်

နားစွင့်မိတယ်လေ

လေထဲကမင်းအသံလေး

ဟူးဟူးဟူ ဟူးဟူးဟူ ဟူးဟူး

ဟူးဟူးဟူ ဟူးဟူးဟူ ဟူးဟူး

လေထဲကမင်းအသံလေး

အပြောလေး

လေထဲကမင်းအသံလေး

အပြောလေး

ခေါ်သံတွေ

ပြန်လည်ကြားခွင့်ရချင်သေး

လေထဲကမင်းအသံလေး

မို့မို့ဇော်ဝင်း থেকে আরও

সব দেখুনlogo