menu-iconlogo
huatong
huatong
avatar

ခြွေခူးသည်ကအင်ကြင်းပန်း

မို့မို့ဇော်ဝင်းhuatong
লিরিক্স
রেকর্ডিং
ခြွေခူးသည်ကအင်ကြင်းပန်း

ဆို မို့မို့ဇော်ဝင်း

အမုန်းပန်းတွေပွင့်လာမယ်လို့

အစကကြိုသိခဲ့ရင်

ချစ်ပင်ပျိုးဖို့မေမရည်ရွယ်..

အသည်းအသက်ကိုအပ်နှင်းပြီးမှ

အချစ်မှာအနှစ်မပါ အပြစ်ရှာသူရယ်..

မေတ္တာဆိတ်သုဉ်းမုန်း.. ရက်တယ်..

တစ်ယောက်သောသူအတွက်ရည်စူးလို့သာရယ်..

မေပေးသည်ကအချစ်နှလုံးသားပါကွယ်

မကြင်နာသူစိမ်းကားမှ

အသည်းကျွမ်းကာရင်မှာနာမိတယ်..

မင်းဆဒ္ဒန်ဇာတ်လမ်းထဲက စူဠသုဘဒ္ဒါရယ်..

နှလုံးသားမှာ အမိုက်မှောင်တွေကွယ်..

တမျိုးဥာဏ်အယူမှားခဲ့လို့

အငြိုးမာန်သူထားခဲတယ်

သြော်တမျိုးဥာဏ်အယူမှားခဲ့လို့

အငြိုးမာန်သူထားခဲတယ်

သို့သော်လည်းမင်း ဆဒ္ဒန် အပြစ်မယူပါကွယ်..

အစွယ်နှစ်ဆူကို

သြော်ကိုယ်တိုင် ပိုင်း ဖြတ်လို့ရယ်

သုဘဒ္ဒါရင်တွင်း ကြည်ဖြူစွာနှင်း ဆက်ခဲ့တယ်

မေတ္တာခွန်အားကြီး မားတယ်..

ချစ်သည်းတူချင်းအပ်နှင်းဖို့ကြံရွယ်

ခြွေခူးသည်ကအင်ကြင်းပန်းပါကွယ်..

ခါချဉ်အုံရှိမှန်းသိရင်

မခူးမိဖို့ဆင်ခြင်ပေလိမ့်မယ်..

တစ်ယောက်သောသူအတွက်ရည်စူးလို့သာရယ်..

မေပေးသည်ကအချစ်နှလုံးသားပါကွယ်

မကြင်နာသူစိမ်းကားမှ

အသည်းကျွမ်းကာရင်မှာနာ မိတယ်..

အမုန်းပန်းတွေပွင့်လာမယ်လို့

အစကကြိုသိခဲ့ရင်

ချစ်ပင်ပျိုးဖို့မေမရည်ရွယ်..

အသည်းအသက်ကိုအပ်နှင်းပြီးမှ

အချစ်မှာအနှစ်မပါ အပြစ်ရှာသူရယ်

မေတ္တာဆိတ်သုဉ်းမုန်း.. ရက်တယ်..

တစ်ယောက်သောသူအတွက်ရည်စူးလို့သာရယ်..

မေပေးသည်ကအချစ်နှလုံးသားပါကွယ်

မကြင်နာသူစိမ်းကားမှ

အသည်းကျွမ်းကာရင်မှာနာ မိတယ်..

မင်းဆဒ္ဒန်ဇာတ်လမ်းထဲက စူဠသုဘဒ္ဒါရယ်..

နှလုံးသားမှာ အမိုက်မှောင်တွေကွယ်..

တမျိုးဥာဏ်အယူမှားခဲ့လို့

အငြိုးမာန်သူထားခဲတယ်

သြော်တမျိုးဥာဏ်အယူမှားခဲ့လို့

အငြိုးမာန်သူထားခဲတယ်

သို့သော်လည်းမင်း ဆဒ္ဒန် အပြစ်မယူပါကွယ်..

အစွယ်နှစ်ဆူကို

သြော်ကိုယ်တိုင်ပိုင်းဖြတ်လို့ရယ်

သုဘဒ္ဒါရင်တွင်း ကြည်ဖြူစွာနှင်း ဆက်ခဲ့တယ်

မေတ္တာခွန်အားကြီး မားတယ်

ချစ်သည်းတူချင်းအပ်နှင်းဖို့ကြံရွယ်

ခြွေခူးသည်ကအင်ကြင်းပန်းပါကွယ်..

ခါချဉ်အုံရှိမှန်းသိရင်

မခူးမိဖို့ဆင်ခြင်ပေလိမ့်မယ်..

တစ်ယောက်သောသူအတွက်ရည်စူးလို့သာရယ်..

မေပေးသည်ကအချစ်နှလုံးသားပါကွယ်

မကြင်နာသူစိမ်းကားမှ

အသည်းကျွမ်းကာရင်မှာနာ မိတယ်

ခါချဉ်အုံရှိမှန်းသိရင်

မခူးမိဖိုဆင်ခြင်ပေလိမ့်မယ်..

မကြင်နာသူစိမ်းကားမှ

အသည်းကျွမ်းကာရင်မှာနာ မိတယ်..

ခါချဉ်အုံရှိမှန်းသိရင်

မခူးမိဖိုဆင်ခြင်ပေလိမ့်မယ်..

မို့မို့ဇော်ဝင်း থেকে আরও

সব দেখুনlogo