စာနာတတ်သူမို့
မီမီဝင်းဖေ
နွေးထွေးတဲ့အပြုံးလေးများနဲ့
ရင်ထဲက...
သောကများ ဝေးလွင့်သွားအောင်
ဖယ်ရှားပေးတယ်
နူးညံ့တဲ့မင်းကလေးအပြုံးကို
ရွှေချသိမ်းထားချင်တယ်...
ကြမ်းတမ်းတဲ့ကိုယ့်ရဲ့လက်ကို
အတူတွဲလို့
ခြောက်သွေ့တဲ့ကိုယ့်ဘဝထဲကို
ဝင်လာရဲတဲ့
ကြင်နာတွေအတွက်
ကျေးဇူးပါပဲကွယ်...
အေးချမ်းတဲ့အားပေးစကားတွေ
ရင်ထဲရောက်....
နှလုံးသားထဲစီးဆင်းသွားအောင်
ချိုလွန်းလို့..ကွယ်
ပြောတတ်တဲ့ နှုတ်ခမ်းပါးလေးကို
ရွှေချသိမ်းထားချင်တယ်...
အခက်အခဲနဲ့အတားအဆီးများကို
ကျော်ဖြတ်ဖို့
စွမ်းအားတို့ဖြည့်လို့ပေးတယ်
အချစ်ဆုံးလေး
စေတနာတွေအတွက်
ကျေးဇူးပါပဲကွယ်...
ကျေးဇူးပဲအချစ်ရယ်...
ကျေးဇူးပဲ.....
မင်းလေး မင်းလေးရဲ့မေတ္တာတွေ
တို့..
ရင်ထဲမှာအေးလိုက် နွေးလိုက်နဲ့
အချစ်ကလေးရယ် ဆွေးရအောင်တော့
ဝေးဖို့.. မစဉ်းစားပါနဲ့ကွယ်....
အမြဲတမ်းပဲမင်းရဲ့အနားမှာ
အရိပ်ကလေးအဖြစ်
စောက်ရှောက်ခွင့်ပြုတော့အချစ်ရေ
တစ်သက်လုံးပေါ့...
ကိုယ့်ဘဝနဲ့ကိုယ့်ရဲ့အချစ်ကို
သိပ်ပြီးသိတတ်သူမို့....
ကိုယ့်ရဲ့နှလုံးသားထဲက
လမင်းလေးလို
အလင်းတန်းများပေးလို့
ကိုယ့်ကိုစာနာလွန်းတဲ့
ကြင်နာသူရယ်
ကျေးဇူးပါပဲကွယ်...
နွေးထွေးတဲ့အပြုံးလေးများနဲ့
ရင်ထဲက
သောကများဝေးလွင့်သွားအောင်
ဖယ်ရှားပေးတယ်
နူးညံ့တဲ့မင်းကလေးအပြုံးကို
ရွှေချသိမ်းထားချင်တယ်...
ကြမ်းတမ်းတဲ့ ကိုယ့်ရဲ့လက်ကို
အတူတွဲလို့
ခြောက်သွေ့တဲ့ ကိုယ့်ဘဝထဲကို
ဝင်လာရဲတဲ့
ကြင်နာတွေအတွက်
ကျေးဇူးပါပဲကွယ်....
အေးချမ်းတဲ့အားပေးစကားတွေ
ရင်ထဲရောက်..
နှလုံးသားထဲစီးဆင်းသွားအောင်
ချိုလွန်းလို့ကွယ်
ပြောတတ်တဲ့မင်းနှုတ်ခမ်းပါးလေးကို
ရွှေချသိမ်းထားချင်တယ်...
အခက်အခဲနဲ့အတားအဆီးများကို
ကျော်ဖြတ်ဖို့
စွမ်းအားတို့ဖြည့်လို့ပေးတယ်
အချစ်ဆုံးလေး
စေတနာတွေအတွက်
ကျေးဇူးပါပဲကွယ်...
ကျေးဇူးပဲအချစ်ရယ်.
. ကျေးဇူးပဲ....
မင်းလေး မင်းလေးရဲ့မေတ္တာတွေ
တို့...
ရင်ထဲမှာအေးလိုက် နွေးလိုက်နဲ့
အချစ်ကလေးရယ်
ဆွေးရအောင်တော့
ဝေးဖို့ မစဉ်းစားပါနဲ့ကွယ်...