အမှတ်တရ ? -
မီမီဝင်းဖေ - Me Me Win Phay
ဇွန်ဇူလိုင်မှာရွာတဲမိုးဖွဲလေးများမစဲသလို
မောင့်ရဲ့အချစ်တို့ အမြဲရှိနေမလား
တောင်ပြာပြာတွေအလယ်မှာစမ်းချောင်းလေးစီးသံ
အလွမ်းဖွဲ့တေးများလား မောင်ရယ်
တစ်ယောက်ထဲ အဖော်မဲ့တဲ့အခါ
မောင်နဲ့ဆုံဆည်းဖို့ကို တိုင်တည်
ဒီမိုးဖွဲများ အချစ်သက်သေပါ
ရင်မှာဖြူစင်စွာရယ်မြတ်မြတ်နိုးနိုချစ်တယ်
ဘဝတစ်ခုလုံးအတွက် ချစ်တဲ့မောင်ရယ်
အတူတူနေစဉ်မှာကွယ် မောင့်ရဲ့အယုအယများဟာ
အမြဲတမ်းအမှတ်တရ ဖြစ်နေမယ်
မောင်လည်းသတိရနော် တစ်ချိန်က ကတိစကားတစ်ခု
အချိန်တွေဘယ်လိုပြောင်းသွား အမှတ်တရရင်မှာ
ရင်ထဲစွဲလမ်းစွာအချိန်တိုင်းရင်ခုန်နေရင်း
အလွမ်းရက်များလည်း မရေနိုင် ချစ်ရသူရယ်

မစဲတဲ့ မိုးလိုပဲ သတိရနေမယ်
မောင့်ရဲ့ အိမ်မက်တွေက အမှတ်တရပါကွယ်