နင်စိတ်ကုန်တဲ့
အကြောင်းကိုငါ
သိပါတယ်
လမိုက်လို့နေတဲ့
အနာဂတ်လမ်းပေါ်
ရင်ချင်းအပ်ပြီး
ရုန်းကန်ဖို့
စိုးရွံ့ ဆဲ
အလင်းမဲ့တဲ့ညထဲ
နင်ချန်ခဲ့ပြီ...
ငါအကြောင်းနဲ့
ငါ့ကံခံလိုက်မယ်
ဒီလူကိုချန်ထားပြီး
အဝေးကိုထွက်သွားခဲ့
ဘဝပေးလည်း
မကောင်းတာ ငါသိတယ်
အတိတ်ကိုပြန်လှန်ဖက်တိုင်း
ငါငိုချင်မိ..
နင်ငါ့ကို
ဒဏ်ရာတွေနဲ့ ထားခဲ့ချိန်
တစ်ကိုယ်ရေ စိတ်ကူးနွံထဲမှာ
အလွမ်းများနဲ့ နစ်မြုပ်နေပါပြီ
ဒီဝဋ်ကြွေး
လည်စင်းပြီးတော့ငါခံမယ်
မျိုသိပ်ရင်းနဲ့ ကြေကွဲချိန်...
ဝေးပြီ...ငါတို့ဝေး ခဲ့ပြီ...
ဗလာဖြစ်နေတဲ့
ငါ့ရင်ခွင် သမိုင်းတွေထဲ
အလင်းပျောက်ခဲ့ပြီပဲ
နင်မရှိတဲ့အချိန်...
ငါနားလည်တယ်
နင့်ကိုငါ
အပြစ်မတင်ရက်
မင်းဘဝလသာဖို့
နင်ထွက်သွားတာ...
ငါအကြောင်းနဲ့
ငါ့ကံခံလိုက်မယ်
ဒီလူကိုချန်ထားပြီး
အဝေးကိုထွက်သွားခဲ့
ဘဝပေးလည်း
မကောင်းတာ ငါသိတယ်
အတိတ်ကိုပြန်လှန်ဖက်တိုင်း
ငါငိုချင်မိ..
နင်ငါ့ကို
ဒဏ်ရာတွေနဲ့ ထားခဲ့ချိန်
တစ်ကိုယ်ရေ စိတ်ကူးနွံထဲမှာ
အလွမ်းများနဲ့ နစ်မြုပ်နေပါပြီ
ဒီဝဋ်ကြွေး
လည်စင်းပြီးတော့ငါခံမယ်
မျိုသိပ်ရင်းနဲ့ ကြေကွဲချိန်...
ဝေးပြီ...
နင်ငါ့ကို
ဒဏ်ရာတွေနဲ့ ထားခဲ့ချိန်
တစ်ကိုယ်ရေ စိတ်ကူးနွံထဲမှာ
အလွမ်းများနဲ့ နစ်မြုပ်နေပါပြီ
ဒီဝဋ်ကြွေး
လည်စင်းပြီးတော့ငါခံမယ်
မျိုသိပ်ရင်းနဲ့ ကြေကွဲချိန်...
ဝေးပြီ...ငါတို့ဝေး ခဲ့ပြီ...
ဝေးပြီ...ငါတို့ဝေး ခဲ့ပြီ...
END