မြင့်မိုးအောင်
လှောင်အိမ်ထဲက ငှက်ကလေးလို
အလှကြည့်ထားမယ့် မင်းအချစ်မျိုး
ပျံစေတော့ ကောင်းကင်ထဲသို့
လွှတ်ကာပေးထားမယ့် ကိုယ့်အချစ်မျိုး
မင်းစိတ်ကူးနဲ့ မင်းရဲ့ အမြင်များ
ကိုယ့်စိတ်ကူးနဲ့ တွေးကြည့်တော့ မတူပါလား
ကိုယ့်အချစ်က လွတ်လပ်ခြင်း (လွတ်လပ်ခြင်း)
မင်းအချစ်က သိမ်းပိုက်ခြင်း (သိမ်းပိုက်ခြင်း)
တို့နှစ်ယောက်ရဲ့အဖြစ် တကယ့်ကို ဆန့်ကျင်ဘက်
အရှုံးပေးခွင့်လွှတ်တတ်တဲ့ ကိုယ့်အချစ်မျိုး (ကိုယ့်ရဲ့အချစ်)
အနိုင်ယူတဲ့ မင်းအချစ်မျိုး
တို့နှစ်ယောက်ရဲ့အဖြစ်ဟာ
တကယ့်ကို ဆန့်ကျင်ဘက် hey
ပန်းပွင့်လေး ခူးပန်လိုက်မှ
စိတ်ကျေနပ်မယ့် မင်းအချစ်မျိုး
ဥယျာဉ်ထဲမှာ လှနေဖို့အတွက်
အနာခံ ကိုယ့်အချစ်မျိုး
မင်းစိတ်ကူးနဲ့ မင်းရဲ့ အမြင်များ
ကိုယ့်စိတ်ကူးနဲ့ တွေးကြည့်တော့ မတူပါလား
ကိုယ့်အချစ်က လွတ်လပ်ခြင်း (လွတ်လပ်ခြင်း)
မင်းအချစ်က သိမ်းပိုက်ခြင်း (သိမ်းပိုက်ခြင်း)
တို့နှစ်ယောက်ရဲ့အဖြစ် တကယ့်ကို ဆန့်ကျင်ဘက်
အရှုံးပေးခွင့်လွှတ်တတ်တဲ့ ကိုယ့်အချစ်မျိုး (ကိုယ့်ရဲ့အချစ်)
အနိုင်ယူတဲ့ မင်းအချစ်မျိုး
တို့နှစ်ယောက်ရဲ့အဖြစ်ဟာ
တကယ့်ကို ဆန့်ကျင်ဘက် hey
အမုန်းတွေတော့ တို့မှာမရှိခဲ့
(အမှန်းများလည်း မရှိပေမယ့်)
အချစ်တွေက ဆန့်ကျင်ဘက်
(တို့အချစ်တွေ ဆန့်ကျင်ဘက်)
နောင်လာမယ့်နေ့ရက်များထဲ
(ရောက်ရှိလာမယ့်ရက်တွေထဲ)
ဘယ်လိုပုံစံရှေ့ဆက်မလဲ
(ဘယ်လိုရင်ဆိုင်မလဲ)
ကိုယ့်အချစ်က လွတ်လပ်ခြင်း (လွတ်လပ်ခြင်း)
မင်းအချစ်က သိမ်းပိုက်ခြင်း (သိမ်းပိုက်ခြင်း)
တို့နှစ်ယောက်ရဲ့အဖြစ် တကယ့်ကို ဆန့်ကျင်ဘက်
အရှုံးပေးခွင့်လွှတ်တတ်တဲ့ ကိုယ့်အချစ်မျိုး (ကိုယ့်ရဲ့အချစ်)
အနိုင်ယူတဲ့ မင်းအချစ်မျိုး
တို့နှစ်ယောက်ရဲ့အဖြစ်ဟာ
တကယ့်ကို ဆန့်ကျင်ဘက် hey
(အို တို့အချစ်များ...)
ဆန့်ကျင်ဘက် ...