သီချင်း - အလင်းမဲ့ဝိညာဉ်
တေးရေး - ကူးရောင်
တေးဆို - မျိုးကြီး
အလင်းပျောက်ဆုံး ကမ္ဘာငယ်လေး
အကျည်းတန်တဲ့ မာယာကြား
နှလုံးသားမရှိတဲ့ အမှောင်ထုက
မမြင်နိုင်အောင် ဖုံးဝှက်ထားလေပြီ
အမုန်းတွေပွား ရန်သူအလား
ကရုဏာတရား ရှာလေဝေး
ပျက်စီးသွားမယ့် ဒီခန္ဓာအတွက်
အနိုင်ထက်စီး အပြစ်တို့ကျူးလွန်ပြီ
ည သန်းခေါင်ကျော် မိုးလင်းမယ့်
မနက်အာရုဏ် အလင်းလေးရယ်
ဘ၀ ဒီအမှောင်အခန်းလေးထဲ
ဘယ်တော့များ မှေးစက်နားခိုမလဲ
မင်းကြင်နာ ဖေးမမယ့်
အို မေတ္တာရယ် တမ်းတတယ်
အပြုံးပန်ဆင်မယ့် နေ့ရက်
မျှော်နေတဲ့ အလင်းမဲ့ဝိညာဉ်များ
အလင်းပျောက်ဆုံး ကမ္ဘာငယ်လေး
အကျည်းတန်တဲ့ မာယာကြား
နှလုံးသားမရှိတဲ့ အမှောင်ထုက
မမြင်နိုင်အောင် ဖုံးဝှက်ထားလေပြီ
အမုန်းတွေပွား ရန်သူအလား
ကရုဏာတရား ရှာလေဝေး
ပျက်စီးသွားမယ့် ဒီခန္ဓာအတွက်
အနိုင်ထက်စီး အပြစ်တို့ကျူးလွန်ပြီ ဟေး ...
ည သန်းခေါင်ကျော် မိုးလင်းမယ့်
မနက်အာရုဏ် အလင်းလေးရယ်
ဘ၀ ဒီအမှောင်အခန်းလေးထဲ
ဘယ်တော့များ မှေးစက်နားခိုမလဲ
အချစ်ကြင်နာ ဖေးမမယ့်
မေတ္တာရယ် တမ်းတတယ်
အပြုံးပန်ဆင်မယ့် နေ့ရက်
မျှော်နေတဲ့ အလင်းမဲ့ဝိညာဉ်များ ...
အို လဲကျသွားတဲ့ ဘဝတွေ
ဘယ်သူထူမ မလဲ
လူသားချင်းတွေ စာနာစိတ်ထား
တစ်မိုးအောက် ကမ္ဘာငယ်ထဲ ဟိုး ..
မျှော်လင့်တဲ့ ငါတို့ရဲ့မနက်ဖြန်
အတူတူ လက်တွဲရင်း
အလင်းမျှဝေ အမှောင်ကိုခွင်း
ဒီကမ္ဘာမြေကြီးအတွက် ....
ည သန်းခေါင်ကျော် မိုးလင်းမယ့်
မနက်အာရုဏ် အလင်းလေးရယ်
ဘ၀ ဒီအမှောင်အခန်းလေးထဲ
ဘယ်တော့များ မှေးစက်နားခိုမလဲ ရေး ...
ည သန်းခေါင်ကျော် မိုးလင်းမယ့်
မနက်အာရုဏ် အလင်းလေးရယ်
ဘ၀ ဒီအမှောင်အခန်းလေးထဲ
ဘယ်တော့များ မှေးစက်နားခိုမလဲ
အချစ်ကြင်နာ ဖေးမမယ့်
မေတ္တာရယ် တမ်းတတယ်
အပြုံးပန်ဆင်မယ့် နေ့ရက်
မျှော်နေတဲ့ အလင်းမဲ့ဝိညာဉ်များ ...
ဒီကမ္ဘာမြေကြီးအတွက် ....