လှိုင်းတွေလည်း
ပြေးဆော့နေဆဲ
ဘယ်သောင်ပြင်
ဘယ်ကမ်းပါးဆီကိုရွယ်
နားခိုစရာ
သူရှာလို့ရယ်
အပြေးလေး
လှမ်းကြတယ်
ဟိုဒီမှာကွယ်
သောင်ခုံပြင်ဝယ်
ဝင်ကာရယ်
ခိုနားရဖို့ရွယ်...
ကိုယ့်ရဲ့ အသည်းနှလုံးကြား
..ဆီမယ်
မေတ္တာရေလှိုင်း
သူ့အပေါ်ဝယ်....
ရိုက်ခတ်လို့
သူ့အပါးသွားမယ်
ရင်မှာအစဉ်
ခိုနားရဖို့ရွယ်
အခုတော့လည်း
သူ့အသည်းပြင်ဝယ်
ရင်နာစရာ
အမုန်းစကားတွေရယ်
နားခိုရန်
နေရာလည်းမလွယ်
ရေလှိုင်းကလေး..
ရဲ့အဖြစ်ရယ်
ဟိုဒီမှာကွယ်
သောင်ခုံပြင်ဝယ်
ရင်နာဖွယ်ငို
လွမ်းကြရတယ်
လှိုင်းတွေလည်း
ပြေးဆော့နေဆဲ
ဘယ်သောင်ပြင်
ဘယ်ကမ်းပါးဆီကိုရွယ်
နားခိုစရာ
သူရှာလို့ရယ်
အပြေးလေး
လှမ်းကြတယ်
ဟိုဒီမှာကွယ်
သောင်ခုံပြင်ဝယ်
ဝင်ကာရယ်
ခိုနားရဖို့ရွယ်...
ကိုယ့်ရဲ့အသည်းနှလုံးကြား..
ဆီမယ်
မေတ္တာရေလှိုင်း
သူ့အပေါ်ဝယ်....
ရိုက်ခတ်လို့
သူ့အပါးသွားမယ်
ရင်မှာအစဉ်
ခိုနားရဖို့ရွယ်
အခုတော့လည်း
သူ့အသည်းပြင်ဝယ်
ရင်နာစရာ
အမုန်းစကား..တွေရယ်
နားခိုရန်
နေရာလည်းမလွယ်
ရေလှိုင်းကလေး.
.ရဲ့အဖြစ်ရယ်
ဟိုဒီမှာကွယ်
သောင်ခုံပြင်ဝယ်
ရင်နာဖွယ်ငို
လွမ်းကြရတယ်
ရဲနိုင်