ရင်ခုန်သံတွေမချိုခဲ့သော
အတိတ်ကဇာတ်လမ်းတစ်ပုဒ်
မဖြစ်နိုင်ခဲ့တဲ့ဘ၀လေးနှစ်ခု
အခြေအနေတွေခြားခဲ့ပြီ
အသစ်ရှာဖွေခဲ့သောရင်ခွင်မှာ
ဆွေးမနေတော့ဘူး
အားလုံး ရေစုန်မျှောလိုက်ပြီ
ကြည်ပြာရောင်နဲ့နှလုံးသား
ငါ့အချစ်စိတ်များအားလုံး
လရောင်ကင်းမဲ့ညလေးတစ်ခု
မင်းဆီ အကုန်ငါထားခဲ့မယ်
အဝေးဆုံးဘ၀ရဲ့ အလွမ်းမော
ကိုယ့်ဘ၀မှာ မလိုတော့ဘူး
အားလုံး ရေစုန်မျှောလိုက်ပြီ
ကဗျာစာပေမဂ္ဂဇင်း
သီချင်းများမှာ ရင်ခုန်တယ်
စကားလုံးများအသစ်အဆန်းဖွေရှာ
ဂန္ထ၀င်ဆန်ရည်းစားစာ
မင်းတစ်ယောက်ကိုအချစ်ဆုံးယုံကြည်ပါ
ကိုယ့်ဘ၀မှာမလိုတော့ဘူး
အားလုံးရေစုန်မျှောလိုက်ပြီ
အိုမိုင်ဒါလင်ဒီလိုနှုတ်ဆက်
ဝေးပြီဘေဘီရေ
မင်းရဲ့အနာဂတ်များပျော်ရွှင်အောင်
ငါဆုတောင်းပေးမယ်
လူ့ဘ၀ရဲ့အတိုဆုံးအချိန်တွေ
ဆွေးမနေချင်ဘူး
အားလုံးရေစုန်မျှောလိုက်ပြီ
အားလုံးရေစုန်မျှောထားခဲ့ပြီ