တေးရေး လူမောင် (ဆေး ၁)
ရန်အောင်၊ စိုးမြတ်နန္ဒာ
(မ) ကန်ရေပြင် မြေနီလမ်း ဒို့နဲ့ဝေး
စွယ်တော် ခုံပြာတန်း ဒို့နဲ့ဝေး
ယုံပါကွာ အချစ်ဆုံး မင်းကို
ဒို့တော့ သတိရနေမှာပါ
(က) အိမ်ပြန်ချိန် ဒို့ခွဲ တစ်လမ်းစီမို့
ပြန်လည် ဆုံဆည်း ကြနိုင်ဖို့
ကံကိုမျှော်လင့်ရင်း အဝေးက ဒို့
သတိရနေမှာပါ
(က မ) လိုင်ဘရီလေးလည်း ဒို့နဲ့ဝေး..
အာစီလေးလည်း သတိရမိတယ်
ရင်မှာလွမ်းလို့ ကျတဲ့မျက်ရည်
ဂျက်စင်အိုလေး ဘယ်မမေ့ဘူး..
ကြင်နာသူတွေရဲ့ ကံ့ကော်တန်း..
ခြေရာထင်ကျန်ဆဲ အဓိပတိလမ်း..
ရင်မှာသံမှိုစွဲ
နှလုံးအိမ်ထဲ.. သတိရနေမှာပါ..
(မ) ကန်ရေပြင် မြေနီလမ်း ဒို့နဲ့ဝေး
စွယ်တော် ခုံပြာတန်း ဒို့နဲ့ဝေး
ယုံပါကွာ အချစ်ဆုံး မင်းကို
ဒို့တော့ သတိရနေမှာပါ
(က) အိမ်ပြန်ချိန် ဒို့ခွဲ တစ်လမ်းစီမို့
ပြန်လည် ဆုံဆည်း ကြနိုင်ဖို့
ကံကိုမျှော်လင့်ရင်း အဝေးက ဒို့
သတိရနေမှာပါ
(က မ) လိုင်ဘရီလေးလည်း ဒို့နဲ့ဝေး..
အာစီလေးလည်း သတိရမိတယ်
ရင်မှာလွမ်းလို့ ကျတဲ့မျက်ရည်
သစ်ပုတ်ပင်လည်း အဝေးဆုံး ဝေး..
လိုင်ဘရီလေးလည်း ဒို့နဲ့ဝေး..
အာစီလေးလည်း သတိရမိတယ်
ရင်မှာလွမ်းလို့ ကျတဲ့မျက်ရည်
ဂျက်စင်အိုလေး ဘယ်မမေ့ဘူး..
ကြင်နာသူတွေရဲ့ ကံ့ကော်တန်း..
ခြေရာထင်ကျန်ဆဲ အဓိပတိလမ်း..
ရင်မှာသံမှိုစွဲ
နှလုံးအိမ်ထဲ.. သတိရနေမှာပါ..
ရင်မှာသံမှိုစွဲ
နှလုံးအိမ်ထဲ.. သတိရနေမှာပါ..
ပြီးပါပြီ။