menu-iconlogo
huatong
huatong
avatar

ချစ်ဦးမောင့်ထံပြန်လာပါ

ရာဇာဝင်းတင့်huatong
লিরিক্স
রেকর্ডিং
ချစ်ဦးမောင့်ထံ ပြန်လာပါကွယ်. .

အိပ်၍မပျော်သော ညညတွေများဝယ်

မျှော်လင့်တုန်း ကြော့ဆုံးလာလိမ့်မယ်ကွယ်

တမ်းတတလွမ်းရသူမယ်. . .

မေတ္တာအိမ်တံခါး အသင့်ဖွင့်ထားတယ်

ညအမှောင်မှောင်. .လရောင်မလင်းသော်လည်းကွယ်

ငွေကြယ်တီးတိုး နှိုးလို့ မင်းကို

စောင့်ကြိုရမောလှပါပြီကွယ်. . .

ချစ်ဦး မောင့်ထံ ပြန်လာပါလားကွယ်

ချစ်ဦး မောင့်ထံ ပြန်လာပါလားအချစ် ရယ်

သြော် . . မောင့်ဆီကိုအပြန်လမ်းက

ပန်းခင်းလမ်းလည်းမဟုတ်ဘူးကွယ်

ကြမ်းတမ်းခက်ထန်သည်ရှိမယ် ကွယ်

မှောင်နဲ့မည်းမည်း လရောင်လဲသဲကွဲမလင်းတယ်

ကြယ်ခင်းမစုံ မွှေးမှုန်နံ့သာမခြယ်. .

ချွေးစို့စို့အပြေးကလေးမို့

လာခဲ့သော်ငြားမောင့်ရင်ခွင်ကြား. . .

ထွေးထားသိပ်ပါ့မယ်အချစ်ရယ် အချစ်ရယ်ကွယ်..

ချစ်ဦး မောင့်ထံ ပြန်လာပါလားကွယ်

ချစ်ဦး မောင့်ထံ ပြန်လာပါလားအချစ် ရယ်

သြော် . . မောင့်ဆီကိုအပြန်လမ်းက

ပန်းခင်းလမ်းလည်းမဟုတ်ဘူးကွယ်

ကြမ်းတမ်းခက်ထန်သည်ရှိမယ် ကွယ်

မှောင်နဲ့မည်းမည်း လရောင်လဲသဲကွဲမလင်းတယ်

ကြယ်ခင်းမစုံ မွှေးမှုန်နံ့သာမခြယ်. .

ချွေးစို့စို့အပြေးကလေးမို့

လာခဲ့သော်ငြားမောင့်ရင်ခွင်ကြား. .

ထွေးထားသိပ်ပါ့မယ်အချစ်ရယ် အချစ်ရယ်ကွယ်..

ချစ်ဦး မောင့်ထံ ပြန်လာပါလားကွယ်

ချစ်ဦး မောင့်ထံ ပြန်လာပါလားအချစ် ရယ်. .

အို . . .

ဘယ်အရပ်ဌာနေစံလေသည်မှန်း

မြန်းလေသည်မသိတယ်. . .

လှောင်အိမ်မှလွှတ်သောငှက်ငယ် သဖွယ်. .

ဝေးရာသို့ပြေးခွာလို့ရှောင်ဖယ်

မြစ်ဧရာကြောဝယ် စုန်ဆင်းရှာသော

ဗေဒါပန်းပမာနှယ်. .

ဘယ်ကမ်းဘယ်သောင် ဘယ်အထိအောင်များ

လွင့်ပါမျော၍နေပေမယ်. .

ချစ်ဦး မောင့်ထံ ပြန်လာပါလားကွယ်

ချစ်ဦး မောင့်ထံ ပြန်လာပါလားအချစ် ရယ်. .

သြော် အခုတော့လည်း. . .

ချစ်သူကိုယ့်ထံမရောက်လာပြန်ဘူး ကွယ်

ဧရာဝယ် ဗေဒါနယ်လွင့်ရှာသူမျော. .

ဘယ်သို့သောသောင်ကမ်းဆီဝယ်

နားခိုမှေးစက်နေသလဲကွယ်. . .

သိုက်မြုံဝေးရာပြေးခွာလေသောငှက်ငယ်

မုန်တိုင်းတွေကြားမှ

အပြန်လမ်းများမသိလေရော့သလားကွယ်. . .

ချစ်ဦး မောင့်ထံ ပြန်လာပါလား ကွယ်

ချစ်ဦး မောင့်ထံ ပြန်လာပါလားအချစ် ရယ်..

သြော် အခုတော့လည်း. . .

ချစ်သူကိုယ့်ထံမရောက်လာပြန်ဘူး ကွယ်

ဧရာဝယ် ဗေဒါနယ်လွင့်ရှာသူမျော. .

ဘယ်သို့သောသောင်ကမ်းဆီဝယ်

နားခိုမှေးစက်နေသလဲကွယ်. . .

သိုက်မြုံဝေးရာပြေးခွာလေသောငှက်ငယ်

မုန်တိုင်းတွေကြားမှ

အပြန်လမ်းများမသိလေရော့သလားကွယ်. . .

ချစ်ဦး မောင့်ထံ ပြန်လာပါလား ကွယ်

ချစ်ဦး မောင့်ထံ ပြန်လာပါလား အချစ် ရယ်..

ရာဇာဝင်းတင့် থেকে আরও

সব দেখুনlogo
ရာဇာဝင်းတင့်-এর ချစ်ဦးမောင့်ထံပြန်လာပါ - লিরিক্স এবং কভার