မေ့ပါနိုင်
မြို့မငြိမ်း
ရာဇာဝင်းတင့်
*****
မြင်ရတဲ့အချိန်ကစလို့
ငြိစွဲ ယခုတိုင််ပဲအသဲဝယ်
အကြင်နာပိုတယ် မေ့ပါဘူးသက်လည်
ယဉ်ကျေးတဲ့သူကလေး မောင့်စိတ်မှာမွေးတွေး
မြင်ဆွေးမှုကြွယ် ဖြေမဆည်နိုင်တယ်
စိတ်ပင်ပန်းနွမ်းနယ်
မြင်ရတဲ့အချိန်ကစလို့
ငြိစွဲ ယခုတိုင််ပဲအသဲဝယ်
အကြင်နာပိုတယ် မေ့ပါဘူးသက်လည်
ယဉ်ကျေးတဲ့သူကလေး မောင့်စိတ်မှာမွေးတွေး
မြင်ဆွေးမှုကြွယ် ဖြေမဆည်နိုင်တယ်
စိတ်ပင်ပန်းနွမ်းနယ်
မူယာ ဟန်နွဲ့သူကလေး
အတွက် ဆက်ပါမယ် ငဲ့မညှာတယ်
ဆယ်သက်နှင်းနိုင်တယ် ဘယ်ခါ
ရေစက်ဆုံစီးလို့နီးပါမယ်
မှန်းမျှော်ကာ ယုံကြည်ပြီးနေတယ်
ခါးတော်မူနဲ့ အချိုသုံးမုန်းမာန်ပယ်
ရာသက်ပန်ရွယ်ကိုးမိိတယ်
လွှဲရှောင််သွေပါဘူးယုံကွယ်
ကျမ်းသစ္စာတော်သုံးကာရယ်
မြတ်ဘုရားထံပါးစကားဆိုမယ်
ယောက်ျားတံခွန်ထူးလို့ချွန်
ခင့်ဘို့ဆိုရင်အားသွန်တယ်
မိုးစွန်ကြယ်ကိုဆွတ်နိုင်တယ်
ထောက်ထားစေကြောင်း တောင်းပန်မယ်
မြင်ကထဲက မေ့နိုင်ပဲ
အသည်းစိုင်ထဲ မောင်စွဲမြဲတဲ့သူလေးရယ်
မျက်စိထဲဝဲလည်လည် အိမ်မက်ထဲတောင်
ထင်မှားအောင်ကျီစယ် မျက်နှာကလေး ပြပြပြီး
သူ့အလှသူယုံ လှဂုဏ်မောက်ရှာတယ်
တနေ့တခြားချစ်အားတိုးကာ မေ့ပါနိုင်ပဲ
အစွဲကြီးစွဲပြီကွယ်
***
**
*
ပါရမီကံရင့်သန်တယ်
နွဲ့မူဟန် လှဂုဏ်ကြွယ်တဲ့သူရယ်
ဘယ်လိုရှေးကြောင်းကံ ဆုပန်လာတယ်
မြင်သူတိုင်းနှစ်လို ချစ်ကြည်ညိုဖွယ်
မျက်စိထဲကထွက်ပါဘူး
လှမူးကေသွယ် စွဲမိပါတယ်
ပါရမီကံရင့်သန်တယ်
နွဲ့မူဟန် လှဂုဏ်ကြွယ်တဲ့သူရယ်
ဘယ်လိုရှေးကြောင်းကံ ဆုပန်လာတယ်
မြင်သူတိုင်းနှစ်လို ချစ်ကြည်ညိုဖွယ်
မျက်စိထဲကထွက်ပါဘူး
လှမူးကေသွယ် စွဲမိပါတယ်
သံယောဇဉ်ငြိတွယ် မြင့်မိုရ်
မေယု ရွှေတောင်ထုချစ်မှုပိုတယ်
သံသယာဆုံးစေကွယ် စောင့်ရသူအားမငယ်
နီးမှာရွယ် စောင့်ရကြိုးနပ်မယ်
လှခေါင်ယဉ်ကျူး ထူးကဲပေတယ်
ရာသက်ပန်ရွယ်ကိုးမိတယ်
လွှဲရှောင်သွေပါဘူးယုံကွယ်
ကျမ်းသစ္စာတော်သုံးကာရယ်
မြတ်ဘုရားထံပါးစကားဆိုမယ်
ယောက်ျားတံခွန်ထူးလို့ချွန်
ခင့်ဘို့ဆိုရင်အားသွန်တယ်
မိုးစွန်ကြယ်ကိုဆွတ်နိုင်တယ်
ထောက်ထားစေကြောင်း တောင်းပန်မယ်
မြင်ကထဲက မမေ့နိုင်ပဲ
အသည်းစိုင်ထဲ မောင်စွဲမြဲတဲ့သူလေးရယ်
မျက်စိထဲဝဲလည်လည် အိမ်မက်ထဲတောင်
ထင်မှားအောင်ကျီစယ် မျက်နှာကလေး ပြပြပြီး
သူ့အလှသူယုံ လှဂုဏ်မောက်ရှာတယ်
တနေ့တခြားချစ်အားတိုးကာ မေ့ပါနိုင်ပဲ
အစွဲကြီးစွဲပြီကွယ်။
။မင်းခိုင်။