သီချင်း - ဂန္တဝင်နှင့်ညိုမ
တေးဆို - Yarzar Win Tint
အရမ်းပဲပိုလွန်းတယ်ဆိုချင်ဆို
အစဉ်ပဲမျက်စိအောက်က
ပျောက်မှာစိုးလှတယ်
ချစ်ညိုမလေးကိုသံယောဇဉ်တွယ်
လပြည့်ညမှာ
ခဏတွေ့ကာချစ်မဝနိုင်ခဲ့
လပြည့်ကျော်ကာသွားမှာ
ရင်ထဲမှာလည်း
စိုးထိတ်နေမိတယ်
သဲလွန်းနွဲ့လွန်းလှတယ်
ဆိုချင်ဆိုသူနဲ့စက္ကန့်တိုင်းတောင်
ဝေးမှာကြောက်လှတယ်
ချစ်ညိုမလေးကိုချစ်ကြိုးပိုတယ်
လပြည့်ညလိုပြည်ဝစွာလှပနေတဲ့
လပြည့်ညမှာအလှချင်းပြိုင်လည်း
မင်းကနိုင်ဦးမယ်
ညိုမရေ ညိုမရေ
နတ်သမီးလေးလို
လှနေတယ်
ညိုမရေ ညိုမရေ
ပြုံးစစနဲ့ချစ်စရာကွယ်
သန္တာရောင်နှုတ်ခမ်းလေးနဲ့
ရွှေသမင်လိုမျက်လုံးလေးနဲ့
အလှတွေအလှတွေ
အလှအပတွေပေါင်းစုံကာရယ်
ညိုမရယ်
မင်းကို မင်းကိုတစ်နေ့တစ်ရက်မှပဲ
စိတ်မချနိုင်ခဲ့တယ်
ပျော့ညံ့တတ်လွန်းလိုက်တာဆိုချင်ဆို
ထာဝရအသည်းကြားထဲမှာ
သူ့ကိုသိမ်းထားချင်
ချစ်ညိုမလေးကိုသက်ဆုံးတိုင်ပင်
ဖိုးလမင်းဆီ
ပြေးသွားကာပြောလိုက်ချင်ရဲ့
ယမင်းအလှညိုမလေးကို
ဘယ်သောအခါမှ
မဆုံးရှူံးချင်ဘူးကွယ်
ကနွဲ့ကယျထင်လည်းမတတ်နိုင်
ပျိုခင်ကို
မြတ်နိုးစွဲလမ်းခဲ့တာ
ဖွဲ့ဆိုမပြတတ်ချင်
ချစ်ညိုမလေးကိုရွှေမေတ္တာပို
တစ်လောကလုံးကို
ပြောပြကာကြွားလိုက်ချင်ရဲ့
ပုလဲအဆင်းညိုမလေးကို
ချစ်ခွန်းသီရင်းချစ်မဝနိုင်ဘူးကွယ်
ညိုမရေ ညိုမရေ
နတ်သမီးလေးလိုလှနေတယ်
ညိုမရေ ညိုမရေ
ပြုံးစစနဲ့ချစ်စရာကွယ်
သန္တာရောင်နှုတ်ခမ်းလေးနဲ့
ရွှေသမင်လိုမျက်လုံးလေးနဲ့
အလှတွေအလှတွေ
အလှအပတွေပေါင်းစုံကာရယ်
ညိုမရယ်
မင်းကို မင်းကိုတစ်နေ့တစ်ရက်မှပဲ
စိတ်မချနိုင်ခဲ့တယ်