လမင်းသစ်ပင် (မြတ်နိုးသူအတွက်)
ရိန်မိုး
စိတ်..ခိုင်မြဲခဲ့ပြီ ဒီချစ်ခြင်း
ညင်သာစွာနဲ့ အမှတ်တမဲ့ ရင်မှာ
ခိုဝင်နားခဲ့ ပြာရီမှိုင်း မိုးမြင့်ထိ
စိတ်ရွက်လေ တိမ်လွှာပြင်ခိုစီးနေ
နွေ...ချစ်ခြင်းတရားတွေ ရင်ခုန်နွေ
လေပြေနုအေး အချိုဆုံးစကားတွေရယ်
ရင်ခွင်လေးထဲ ခိုဝင်ရင်း တယုတယနဲ့
နှလုံးသားကဗျာ အတူဆိုညည်းကြမယ်လေ..
မြတ်နိုးသူအတွက် ရိုးရိုးလေးချစ်နေမယ်
ဒီအချစ်တွေနဲ့ နှလုံးသားထဲ အေးမြရင်း
ခိုင်မြဲစေသား ဒီတစ်သက်မခွဲ အချစ်စစ်ရဲ့
ခွန်အား သစ္စာတရား
အမှန်တရားတစ်ခုရှိနေမယ်....
ဘ၀...ကံပေးခဲ့စေ အစီမံတရား
ကြုံလာရင်လည်း နှစ်ဦးသားရင်ဆိုင်
ကံကြမ္မာမိုးများ စွေရွာမစဲ သွန်းဖြိုးလည်း
အချစ်အတွက်ဆို အရာရာကိုကျော်ဖြတ်မယ်
အရိပ်....အမေ့အေးရိပ်ကို ကျော်လွန်ပြီး
မလွန်ဆန်နိုင်သော နှောင်ကြိုးငြိတွယ်သူ
မျှော်လင့်ခြင်းအတွက်
ရောင်နီဦးမိုးသောက်ခရီး
ရောက်လုပြီ အတူဖြတ်ကူးကြမယ်လေ
မြတ်နိုးစွာနဲ့ နှလုံးသားထဲထွေးပွေ့ရင်း
မြတ်နိုးသူအတွက် ရိုးရိုးလေးချစ်နေမယ်
ခိုင်မြဲစေသား ဒီတစ်သက်မခွဲ အချစ်စစ်ရဲ့
ခွန်အား သစ္စာတရား
ထာဝရနဲ့ချစ်နေမယ်....
မြတ်နိုးသူအတွက် နှလုံးသားထဲထွေးပွေ့ရင်း
မြတ်နိုးစွာနဲ့ ရိုးရိုးလေးချစ်နေမယ်
ခိုင်မြဲစေသား ဒီတစ်သက်မခွဲ အချစ်စစ်ရဲ့
ခွန်အား သစ္စာတရား
အမှန်တရားနဲ့ ချစ်နေမယ်
မြတ်နိုးသူအတွက် ဒီတစ်သက်မခွဲ အချစ်စစ်ရဲ့
ခွန်အား သစ္စာတရား
ထာဝရနဲ့ချစ်နေမယ်....
သစ္စာတရား အမှန်တရားနဲ့ ချစ်နေ..မယ်.....
Thanks