သီချင်း - နတ်သမီး
တေးဆို - ရဲလေး Feat. အစ္စဏီ
အိုးးး...ရေ.....နတ်သမီးလေး
အို...ဝိုး...အိုး...................
ညှာတာပါနင်လေမမုန်းနဲ့
ပြန်လည်ကာ လှည့်ကြည့်ပြီးတော့
ငါ့နှလုံးသားထဲမှာ နင်နတ်သမီးပေါ့
ရင်ခုန်စရာအိပ်မက်လေးတော့
တစ်ခါပြန်လည်မက်ခွင့်ပေးပေါ့
အိပ်မက်တွေအထဲမှာ နင်နတ်သမီးပေါ့
စိတ်ညစ်ရမယ့်နေ့တွေ
အလျင်အမြန်နဲ့ကုန်ချင်တယ်
ချစ်သူဘေးမှာရှိမယ့်နေ့ကလေးတွေခုန်မင်တယ်
ဒီစိတ်ကူးတွေကခေါင်းထဲမှာရှိတာအမြဲတမ်း
မင်းကိုတွေ့ချင်ပါတယ် 24/7
ကျွန်တော်တို့ချစ်နေကြတာသံမဏိကြိုးတွေလို
ခိုင်မြဲစွာနဲ့မပြတ်ဘဲ ရင်ဆိုင်မယ်အဆိုးတွေကို
သူ့ရဲ့အပေါ်မှာကျွန်တော်ဘယ်တုန်းကမှအငြိုးတွေမပို
လိုက်လျောညီထွေဆက်ဆံပါ့မယ်
သူရဲ့အမျိုးတွေဆို
မသိစိတ်ထဲမှာ
အိပ်မက်နန်းတော်ကြီးကိုတည်ဆောက်နေ
တစ်ခါတစ်လေမှာ
စတာနောက်တာမရှိ အတည်ပေါက်တွေ
Yes,အလိုလိုကျွန်တော်ကံကောင်းခဲ့ပါတယ်
ဘယ်အရာနဲ့မှလဲလို့မရတဲ့အချစ်ကို
ပြန်တောင်းလှည့်ကာရယ်
ပြီးသွားတဲ့ကိစ္စတွေ
တတ်နိုင်ရင်လည်းမေ့လိုက်
အလွမ်းနဲ့သီကြူးကဗျာတွေလည်းရေးခိုက်
လိုအပ်တယ်ဆိုရင်လည်း
သူ့အနားကိုပြေးလိုက်
ဘဝရဲ့နတ်သမီးပဲ အမြဲငါ့မှာငေးခိုက်
ညှာတာပါနင်လေမမုန်းနဲ့
ပြန်လည်ကာ လှည့်ကြည့်ပြီးတော့
ငါ့နှလုံးသားထဲမှာ နင်နတ်သမီးပေါ့
ရင်ခုန်စရာအိပ်မက်လေးတော့
တစ်ခါပြန်လည်မက်ခွင့်ပေးပေါ့
အိပ်မက်တွေထဲမှာ နင်နတ်သမီးပေါ့
လမ်းမပေါ်ကိုကြည့်လိုက်
ချစ်နေသူတွေအများကြီး
ပန်းခြံထဲကိုကြည့်လိုက်
ချစ်နေသူတွေအများကြီး
တန်ဖိုးထားတဲ့ကိုယ့်ချစ်သူက
အလှဆုံးနတ်သမီး
ဘယ်တော့မှမေ့လို့မရတဲ့ ကိုယ့်နတ်သမီး
ဘာရယ်မဟုတ်ပါဘူး
ကျွန်တော်တို့ချစ်တာရိုးရိုးလေး
လူတွေလူတွေက အတင်းပြောကာအမျိုးမျိုးတွေး
စိတ်ချမ်းသာပါတယ် စိတ်အနှောင့်အယှက်ဘာမှမရှိ
ဘာမှမသိပါလူ့လောကရဲ့လှည့်ကွက်များစွာအခုထက်ထိ
ကျောချင်းကပ်ပြီးတော့နားလည်မှုတွေများစွာနဲ့
့အဆက်အသွယ်ဖြတ်ငါ့ကိုတစ်ယောက်တည်း ပစ်မထားပါနဲ့
ပျင်းရိခြောက်သွေ့ခြင်းတွေမင်း အပေါ်မှာလုံးဝမရှိ
သံသယမီးတွေလည်းအခုတော့ပျက်သုဉ်းသွားပြီ
အင်္ဂလိပ်လိုပြောတယ်မြန်မာလိုလည်းပြောတယ်
ကမ္ဘာကျော်သီအိုရီတွေဖတ်ပြီး
ချစ်တဲ့အကြောင်းတွေပြောတယ်
ဘဝရဲ့လျှောက်တဲ့လမ်းကြမ်းတော့
နည်းနည်းပါးပါးမောတယ်
တကယ်ပါတစ်ယောက်တည်း
မင်းရဲ့ရင်ထဲခိုဝင်တော့မယ်
နားထောင်ခွင့်မလွှတ်နိုင်တဲ့
အပြစ်တွေရှိလာလည်း
နားထောင်ခွင့်မလွှတ်နိုင်လည်း
ငါချစ်မှာပဲ ဘယ်တော့မှမဝေးချင်
မမေ့နိုင်တဲ့သံယောဇဉ်ကို
ထားခဲ့ချင်တယ် နတ်သမီးရဲ့အနားနား
ညှာတာပါနင်လေမမုန်းနဲ့
ပြန်လည်ကာ လှည့်ကြည့်ပြီးတော့
ငါ့နှလုံးသားထဲမှာ နင်နတ်သမီးပေါ့
ရင်ခုန်စရာအိပ်မက်လေးတော့
တစ်ခါပြန်လည်မက်ခွင့်ပေးပေါ့
အိပ်မက်တွေထဲမှာ နင်နတ်သမီးပေါ့
မြတ်နိုးပါတယ်နင်နတ်သမီးပဲ
ငါမင်းနဲ့ဝေးသွားရလည်းချစ်နေမှာပဲ
အနိုင်ယူသွားပါနတ်သမီးလေး
ငါမင်းအနားမှာနေခွင့်ရချင်
ညှာတာပါနင်လေမမုန်းနဲ့
ပြန်လည်ကာ လှည့်ကြည့်ပြီးတော့
ငါ့နှလုံးသားထဲမှာ နင်နတ်သမီးပေါ့
ရင်ခုန်စရာအိပ်မက်လေးတော့
တစ်ခါပြန်လည်မက်ခွင့်ပေးပေါ့
အိပ်မက်တွေထဲမှာ နင်နတ်သမီးပေါ့
ညှာတာပါနင်လေမမုန်းနဲ့
ပြန်လည်ကာ လှည့်ကြည့်ပြီးတော့
ငါ့နှလုံးသားထဲမှာ နင်နတ်သမီးပေါ့
နှလုံးသားထဲ...အဲ....
ရင်ခုန်စရာအိပ်မက်လေးတော့
တစ်ခါပြန်လည်မက်ခွင့်ပေးပေါ့
အိပ်မက်တွေထဲမှာ နင်နတ်သမီးပေါ့
ကျွန်တော်တန်ဖိုးထားတဲ့
ကျွန်တော်မြတ်နိုးတဲ့
အရာအားလုံးမေ့ပျောက်သွားစေနိုင်တဲ့
နတ်သမီးလေးပါပဲ