menu-iconlogo
huatong
huatong
avatar

အိမ်(Home)

ရဲလေးhuatong
🕊ရဲနိုင်🕊🇲🇲huatong
লিরিক্স
রেকর্ডিং
ဖေကြီး ဒီသီချင်းဟာ

အဖေကြီးကို သား..

မုန်းလို့ဆိုထားတဲ့

သီချင်းမဟုတ်ပါဘူး

အဖေကြီးရယ်

သား..အဖေကြီးကို

သားချစ်လွန်းလို့

တောင်းဆိုတဲ့သီချင်းပါ

ကမ္ဘာပေါ်မှာရှိတဲ့

အိမ်တိုင်းအိမ်တိုင်း

မိသားစုတိုင်း

အဆင်ပြေနိုင်ကြပါစေလို့

ကျနော် ဒီသီချင်းလေးနဲ့

ဆုတောင်းပေးလိုက်ပါတယ်

ရင်ထဲမှာ ပြွတ်သိပ်နေတဲ့

ခံစားရတဲ့ဒဏ်ရာတွေကို

လူတွေကနားထောင်ပေးမယ်

ကလေးတစ်ယောက်ရဲ့

မှန်တာတွေကို

ငါရေးတဲ့စာသားတွေက

အဓိပ္ပါယ်ရှိပီး

လက်ညောင်းနေလည်း

ဒါတွေကိုမမှုဘူး

ငါ့ဘ၀ရဲ့အက်ကြောင်းတွေပဲ

မိသားစုကံကြမ္မာရဲ့

ပြောင်းလဲမှုက

မကောင်းခဲ့ပါ

သိန်းရာကျော်တန်တဲ့အိမ်ကို

ဈေးတွေနှိမ်ပီးရောင်းခဲ့တာ

နောက်ပီးတော့

ဓမ္မ၀ိဟာရလမ်းက

အိမ်ကိုပြောင်းခဲ့တာ

ကျောက်မြောင်းက

၇လွှာမှာနေပီးတော့

ဘ၀ကိုကျောင်းခဲ့တာ

အချိန်ရှိသမျှကြိုးစားပီး

အနာဂတ်အတွက်

စိတ်ဓာတ်မကျခဲ့ပါ

မိဘကိုပြန်ရှာကျွေးမယ်

စိတ်ချ ဒီတစ်ခါ

သားအလှည့်ပါ

လေးစားတဲ့

ကျနော့်အဖေက

မိသားစုအတွက်

ဦးဆောင်ပါ

ဒါပေမယ့်

မပြောင်းလဲဘူး

နေ့တိုင်းပဲ အဖေက

မထူးယောင်သာ

အိမ်ထဲမှာနေနေရင်း

စကားတွေကညတိုင်း

ထပ်လာတာ

မင်းအဖေက

အခုဘာလုပ်လဲမေး

ဖြေရမှာခက်လာတာ

အဲ့ဒီအကြောင်းကိုတွေးရင်း

မျက်ရည်ကအလိုလိုပဲ

တက်လာတာ

ရင်ဘတ်ထဲထိုးထည့်ထားတဲ့

ဒဏ်ရာကလည်း

နက်လာတာ

အိမ်...ဘယ်အချိန်မှာ

ပျော်စရာတွေရလာမှာလဲ

အိမ်...ဒီအတိုင်းပဲ

ကျနော်တို့

ဒုက္ခတွေရဲ့ကြားက

အိမ်...မျက်လုံးထဲက

အရည်တွေခမ်းခြောက်နေပီ

တစ်ချက်လောက်ကြည့်ပါ

အားငယ်နေတဲ့

မျက်လုံးတွေကို

အိမ်...ခြောက်နာရီဆို

အဖေရယ်ပြန်လာပေးပါ

အိမ် မိုးချုပ်မှာကိုအရမ်းပဲ

ကြောက်နေခဲ့တာ

အဖေနဲ့အမေ

အဆင်ပြေနေရင်

သိပ်ကောင်းမှာအမြဲ

ဒီစိတ်ဆင်းရဲမှုတွေကို

ထားခဲ့ချင်တယ်

အတိတ်ဟောင်းမှာပဲ

အပြင်မှာဝေဖန်ခံ

မောပန်းတဲ့အဖြစ်ကို

အမေမသိဘူး

ကျနော်အိမ်ကိုပြန်လာတိုင်း

ခြောက်နာရီဆိုအဖေမရှိဘူး

အလုပ်ထဲမှာ နာကျင်လွန်းတဲ့

ဝေဒနာကိုပြောမလို့

ဘာမှမကြားချင်ဘူး

စိတ်ရှုပ်စရာတွေအမောဆို့

တစ်ချိန်မှာ

တစ်ကိုယ်ကောင်းဆန်ပီး

ထွက်သွားချင်တယ်

အဝေးကို

ဒါပေမယ့် မထားခဲ့နိုင်ဘူး

ကျနော်သိပ်ချစ်တဲ့

အမေ့ကို

အောင်မြင်မှုတွေရှိလာရင်

ပျော်စရာတွေတွေးလို့

သားတွေကိုမသနားဘူးလား

အဖေ့ကိုကျနော်လေမေးမလို့

သူငယ်ချင်း ရသ ဘိုလေး

ချမ်းအေးဝင်းကို အားကျတယ်

သူတို့မိဘတွေရဲ့ နွေးထွေးမှုကို

သူတို့တွေမသိကြဘူး

အိမ်မှာလည်း လိုချင်တာပေါ့

ဒီလိုမျိုးတွေမရှိကြဘူး

ငါတို့ရဲ့အနာဂတ်ကို

ငါကိုယ်တိုင်လည်းမသိရဘူး

အရောင်အသွေးတွေ

စုံလင်နေတဲ့

ဒီအိမ်ကလေးကို

မဖျက်ဆီးပါနဲ့

၇လွှာကိုတက်လိုက်

ဆင်းလိုက်လုပ်တဲ့

အမေလည်း အသက်ကြီးပါတယ်

မပျက်စီးပါကွယ်

အဖေ့ကိုအမြဲတမ်းဂုဏ်ယူပီးသား

အိမ်ထဲမှာ စိတ်ဆင်းရဲစရာ

စကားတွေကိုလည်း

ထပ်မညည်းပါနဲ့

အိမ်...ဘယ်အချိန်မှာ

ပျော်စရာတွေရလာမှာလဲ

အိမ်...ဒီအတိုင်းပဲ

ကျနော်တို့ဒုက္ခတွေရဲ့ကြားက

အိမ်...မျက်လုံးထဲက

အရည်တွေခမ်းခြောက်နေပီ

တစ်ချက်လောက်ကြည့်ပါ

အားငယ်နေတဲ့မျက်လုံးတွေကို

အိမ်...ခြောက်နာရီဆို

အဖေရယ်ပြန်လာပေးပါ

အိမ် မိုးချုပ်မှာကို

အရမ်းပဲကြောက်နေခဲ့တာ

အဖေနဲ့အမေ အဆင်ပြေနေရင်

သိပ်ကောင်းမှာအမြဲ

ဒီစိတ်ဆင်းရဲမှုတွေကို

ထားခဲ့ချင်တယ်

အတိတ်ဟောင်းမှာပဲ

အဖေ့ကိုရင်ထဲမှာ

မမေ့နိုင်တာတွေပြောပြချင်တယ်

အရင်ကရေခဲထုပ်ရောင်းတဲ့

ဘ၀ကိုပြန်မရောက်ချင်ဘူး

နောက်ပီးတော့

ကုန်စုံဆိုင်ရောင်းတဲ့

အချိန်ကိုပြန်မသွားချင်ဘူး

ရပ်ကွက်ကပေးတဲ့ဆန်ကို

တန်းစီတဲ့လူပြန်မဖြစ်ချင်ဘူး

ဆွေမျိုးတွေဆီမှာ

ပိုက်ဆံချေးတဲ့အမေ့ကို

မသနားဘူးလား

ထမင်းသုတ်စားရတဲ့

ကျနော်တို့အဖြစ်ကို

ထပ်မမြင်ချင်ဘူး

ကျနော့်ညီလေးကျူရှင်လခ

မပေးနိုင်တာကို

ကြည့်ရက်နိုင်လား

လူတွေက၀ိုင်းပီး

အဖေ့ကိုပြောနေတာတွေကို

မခံစားနိုင်ဘူး

ဒါတွေကို ယောင်လို့တောင်

ငါစိတ်နာလွန်းလို့

မတွေးချင်ဘူး

စာမျက်နှာပေါ်မှာ

လူတွေသိအောင်လို့လည်း

မရေးချင်ဘူး

ဒီသီချင်းကိုနားထောင်ပီး

မိသားစုအတွက်

အဖေမြင်နေပါစေ

ကမ္ဘာပေါ်မှာရှိတဲ့အိမ်တိုင်း

သာယာပီးတော့

အဆင်ပြေပါစေ

အိမ်..

.ဘယ်အချိန်မှာ

ပျော်စရာတွေရလာမှာလဲ

အိမ်..

.ဒီအတိုင်းပဲ

ကျနော်တို့ဒုက္ခတွေရဲ့ကြားက

အိမ်..

.မျက်လုံးထဲက

အရည်တွေခမ်းခြောက်နေပီ

တစ်ချက်လောက်ကြည့်ပါ

အားငယ်နေတဲ့မျက်လုံးတွေကို

အိမ်.

..ခြောက်နာရီဆို

အဖေရယ်ပြန်လာပေးပါ

အိမ်

မိုးချုပ်မှာကို

အရမ်းပဲကြောက်နေခဲ့တာ

အဖေနဲ့အမေ

အဆင်ပြေနေရင်

သိပ်ကောင်းမှာအမြဲ

ဒီစိတ်ဆင်းရဲမှုတွေကို

ထားခဲ့ချင်တယ်

အတိတ်ဟောင်းမှာပဲ

အိမ်.

..ဘယ်အချိန်မှာ

ပျော်စရာတွေရလာမှာလဲ

အိမ်.

..ဒီအတိုင်းပဲ

ကျနော်တို့ဒုက္ခတွေရဲ့ကြားက

အိမ်...

မျက်လုံးထဲက

အရည်တွေခမ်းခြောက်နေပီ

တစ်ချက်လောက်ကြည့်ပါ

အားငယ်နေတဲ့မျက်လုံးတွေကို

အိမ်..

.ခြောက်နာရီဆို

အဖေရယ်ပြန်လာပေးပါ

အိမ်

မိုးချုပ်မှာကို

အရမ်းပဲကြောက်နေခဲ့တာ

အဖေနဲ့အမေ

အဆင်ပြေနေရင်

သိပ်ကောင်းမှာအမြဲ

ဒီစိတ်ဆင်းရဲမှုတွေကို

ထားခဲ့ချင်တယ်

အတိတ်ဟောင်းမှာပဲ

?

Smule မှ ကူးယူပြီး

StarMaker မှာပြန်လည်၍

ထပ်ဆင့်မျှဝေပါသည်

မူရင်းသက်ဆိုင်သူအားလုံးကို

Credits ပေးပါ၏

ကျေးဇူးတင်ပါသည်

ရဲလေး থেকে আরও

সব দেখুনlogo