ပန်းလိုကြွေ
တေးရေး/လပြည့်အောင်
တေးဆို/ရဲမြင့်မြတ်
မလိုချင်လို့စွန့်ပြစ်ထားတဲ့
တန်ဖိုးနည်းခရေပန်းလေးတွေ
မြေပြင်မှာတစ်ပွင့်စီရယ်ကြွေ
လေနှင်ရာရနံ့မပြယ်ပါပေ........
ခြောက်နွမ်းနွေပူလောင်တဲ့ဒဏ်
သူမခံနိုင်ရှာပေမဲ့
လူတွေလှမ်းမမြင်ရတောင်
ရနံ့ဆောင်မွှေးစေချင်သူ
ပန်းခရေလို့မင်းဘဝလေးကို
ငါ့မေတ္တာနဲ့ပြန်လန်းစေချင်သူ...........
မလိုချင်လို့စွန့်ပြစ်ထားတဲ့
တန်ဖိုးနည်းခရေပန်းလေးတွေ
မြေပြင်မှာတစ်ပွင့်စီရယ်ကြွေ
လေနှင်ရာရနံ့မပြယ်ပါပေ........
ခြောက်နွမ်းနွေပူလောင်တဲ့ဒဏ်
သူမခံနိုင်ရှာပေမဲ့
လူတွေလှမ်းမမြင်ရတောင်
ရနံ့ဆောင်မွှေးစေချင်သူ
ပန်းခရေလို့မင်းဘဝလေးကို
ငါ့မေတ္တာနဲ့ပြန်လန်းစေချင်သူ...........
အချစ်ကိုကစားတဲ့ကျားသခင်
ဝတ်ရည်စားတဲ့ပျားဘုရင်
ပွင့်ဖတ်ခြွေလို့ကြွေ..................
အချစ်နွံထဲကရုန်းထွက်ခဲ့ပါမေ
မျက်ရည်တွေခမ်းခြောက်သွားအောင်
ငိုမနေပါနဲ့တော့လေ
ဝေဒနာဖြေတဲ့ဆေး
အကြင်နာလေးနဲ့ထွေးပွေ့လို့နေ
နွမ်းကြွေတဲ့ပန်းတစ်ပွင့်မို့ပါ အချစ်ရေ
ငါမေတ္တာနဲ့ပြန်လန်းပေးမယ်လေ........
မလိုချင်လို့စွန့်ပြစ်ထားတဲ့
တန်ဖိုးနည်းခရေပန်းလေးတွေ
မြေပြင်မှာတစ်ပွင့်စီရယ်ကြွေ
လေနှင်ရာရနံ့မပြယ်ပါပေ........
ခြောက်နွမ်းနွေပူလောင်တဲ့ဒဏ်
သူမခံနိုင်ရှာပေမဲ့
လူတွေလှမ်းမမြင်ရတောင်
ရနံ့ဆောင်မွှေးစေချင်သူ
ပန်းခရေလို့မင်းဘဝလေးကို
ငါ့မေတ္တာနဲ့ပြန်လန်းစေချင်သူ...........
အချစ်ကိုကစားတဲ့ကျားသခင်
ဝတ်ရည်စားတဲ့ပျားဘုရင်
ပွင့်ဖတ်ခြွေလို့ကြွေ..................
အချစ်နွံထဲကရုန်းထွက်ခဲ့ပါမေ
မျက်ရည်တွေခမ်းခြောက်သွားအောင်
ငိုမနေပါနဲ့တော့လေ
ဝေဒနာဖြေတဲ့ဆေး
အကြင်နာလေးနဲ့ထွေးပွေ့လို့နေ
နွမ်းကြွေတဲ့ပန်းတစ်ပွင့်မို့ပါ အချစ်ရေ
ငါမေတ္တာနဲ့ပြန်လန်းပေးမယ်လေ........
(AYM)ဥယဉ်မှူး မိသားစုမှခံစားတင်ဆက်သည်••••