လမ်းမထက်က အမှန်တရားများ
ရေမြောင်းထဲ မျောသွားတော့..
လူဟာလူလို တွေးတောတတ်ဖို့
နည်းနည်း ခက်လာတယ်..
လက်မှတ်မရှိတဲ့ ကတိစကားများ
ထွန်းကားခဲ့ကြတော့..
လူဟာလူလို တွေးတောတတ်ဖို့
နည်းနည်း ခက်လာတယ်..
ဪ လွတ်လပ်တဲ့ . ဒီ ခံစားချက်
သီချင်းတစ်ပုဒ် ညည်းရင်းနဲ့..
ကံကြမ္မာကို ငါနား မျက်စိမှိတ်
ဆောင့်လို့ ပိတ်ကန်မယ်..
လွတ်လပ်တဲ့ . ဒီ ခံစားချက်
သီချင်းတစ်ပုဒ် ညည်းရင်းနဲ့.. ရေ့
ကံကြမ္မာကို ငါနား မျက်စိပိတ်
ဆောင့်လို့ ပိတ်ကန်မယ်...
᭼᭼
ꖵ᭼ꖵ᭼ꖵ
ကျောထောက် နောက်ခံ အရှင်ဘုရားများ
နားခဏ ပိတ်ပေးပါ..
ဒီကမ္ဘာမြေကို ဘီလူးဆိုင်း တီးပြီး
ခဏလောက် ကန်တော့ ချင်တယ်..
ကျောကုန်းထက် ကို ဖိနပ်စီးရင်း
တစ်ယောက်တစ်လှည့် နင်းကြတဲ့..
လူတွေ ကမ္ဘာမှာ 'စ'လုံးနဲ့စတဲ့
စောက်တရား ထွန်းကား ပါ တယ်..
ဪ လွတ်လပ်တဲ့ ဒီ ခံစားချက်
သီချင်းတစ်ပုဒ် ညည်းရင်းနဲ့..ရေ့
ကံကြမ္မာကို ငါ နား မျက်စိမှိတ်
ဆောင့်လို့ ပိတ်ကန်မယ်
လွတ်လပ်တဲ့ ဒီ ခံစားချက်
သီချင်းတစ်ပုဒ် ညည်းရင်းနဲ့..ရေ့
ကံကြမ္မာကို ငါ နား မျက်စိပိတ်
ဆောင့်လို့ ပိတ်ကန်မယ်
᭼᭼
ꖵ᭼ꖵ᭼ꖵ
ဪ မင်းက သိက္ခာတရားထက် အိပ်
တိတ်တိတ် ဆိတ်ဆိတ်နဲ့ ...
ယုံကြည်တာကို တုံးလုံးချွတ်လို့
တောင်းဆု ပြု ချင် တယ်..
ဪ လွတ်လပ်တဲ့ ဒီ ခံစားချက်
သီချင်းတစ်ပုဒ် ညည်းရင်းနဲ့..ရေ့
ကံကြမ္မာကို ငါ နား မျက်စိ မှိတ်
ဆောင့်လို့ ပိတ်ကန်မယ်
လွတ်လပ်တဲ့ ဒီ ခံစားချက်
သီချင်းတစ်ပုဒ် ညည်းရင်းနဲ့..ရေ့
ကံကြမ္မာကို ငါ နားမျက်စိ ပိတ်
ဆောင့်လို့ ပိတ်ကန်မယ်
ကံကြမ္မာကို ငါ နားမျက်စိ မှိတ်
ဆောင့်လို့ ပိတ် ကန်မယ်
ကံကြမ္မာကို ငါ နားမျက်စိ မှိတ်
ဆောင့် လို့ ပိတ်ကန်မယ်..ရေ့
ကံကြမ္မာကို ငါ နားမျက်စိ ပိတ်
ဆောင့်လို့ ပိတ် ကန် မယ်..