ခါတစ်ခေါက်တော့
လာရောက်လို့လည်လှည့်ပါနော်
သလ္လာဝတီကမ်းခြေ
ကမ်းပါးမှာရပ်တည်ထားတဲ့
မြို့တော်
ခါတစ်ခေါက်တော့
လာရောက်လို့လည်လှည့်ပါနော်
သလ္လာဝတီကမ်းခြေ
ကမ်းပါးမှာရပ်တည်ထားတဲ့
မြို့တော်
ဒါကြောင့်မို့သာဘဲနော်
သလ္လာဝတီမြို့တော်လို့ခေါ်
သလ္လာဝတီမြို့တော် မြို့တော်
ခရီးတမျှော်
တာမထောက်ပါတဲ့
လာရောက်လို့လည်လှည့်ပါနော်
အရှေ့ကိုလားသော်
ဗမာ့ယဉ်ကျေးမှု
အနုပညာမော် ယွန်းထည်ထွက်တဲ့
ကျောက္ကာရွာကျော်
ထန်းတလုပ်ချောင်းနဲ့
စမ်းရေတံခွန်လည်းရှိပါလေရဲ့နော်
အနောက်ကို လား...သော်
မြားပြေးမြန်သလို တဖွေးဖွေးတသွင်သွင်
ခါခါတညီ စီးတဲ့
သလ္လာဝတီမြစ်ပြင်ပေါ်
တောင်ဖက်ကိုလားပြန်တော့
ဘုရားပရမေ
သမ္ဗုဒ္ဓေ မိုးညှင်းစေတီတော်
မြောက်ဖက်ကို လားပြန်တော့နော်
အကျော်ဒေးယျ ရှေးအခါက
အရေးပါလှ ဗမာ့စာပေနယ်ဆီ
လယ်တီကျောက်စာမော်
ပညာရှိစာဆိုတော်များ
မွေးဖွားသန့်စင်
စာသင်ရာ လယ်တီကျောင်းတော်
သလ္လာဝတီမြို့တော်
သလ္လာဝတီမြို့တော်
ခါတစ်ခေါက်တော့ လာရောက်လည်လှည့်နော်
သလ္လာဝတီမြို့တော်
သလ္လာဝတီမြို့တော်
ခါတစ်ခေါက်တော့ လာရောက်လည်လှည့်နော်
ဗမာ့ရဲ့သမိုင်းဝင်
စာဆိုရှင်
မွေးဖွားကြရာ ဒေသနော်
ဗမာ့ရဲ့သမိုင်းဝင်
စာဆိုရှင်
မွေးဖွားကြရာ ဒေသနော်
မြို့တော် မြို့တော်
သလ္လာဝတီမြို့တော်
သလ္လာဝတီမြို့တော်
သလ္လာဝတီမြို့တော်
ခါတစ်ခေါက်တော့ လာရောက်လည်လှည့်နော်
သလ္လာဝတီမြို့တော်
သလ္လာဝတီမြို့တော်
တစ်ခါတစ်ခေါက်တော့ လာရောက်လည်လှည့်နော်
ဗမာ့ရဲ့သမိုင်းဝင်
စာဆိုရှင်
မွေးဖွားကြရာ ဒေသနော်
မြို့တော် မြို့တော်
သလ္လာဝတီမြို့တော်
ကျေးဇူးတင်ပါတယ်(လေးစိုး)