ပြောဖို့စကားလေး တို့မှာမကုန်သေးလည်း
မင်းအနားလေးပဲ ဆက်နေချင်သေးလည်း
နံရံပေါ်မှာ နာရီတွေက ရွေ့နေတယ်
အတူဆုံချိန်ဟာ ကုန်တာမြန်လွန်းခဲ့
တို့ဘ၀လေးကို နားလည်ပါ အချစ်ရယ်
နှလုံးသားလေးက မင်းကို မနှင်ရက်လဲ
မသိစိတ်တချို့ကတို့ကိုသတိပေးလို့နေတယ်
တခုခုပြောင်းလဲသွားမှာ သိပ်စိုးတယ်
အချစ်ရယ် ပြန် ပြန်တော့ကွယ်
အပြင်မှာ မိုးလဲ ရွာတော့မယ်
နေရစ်ခဲ့ပါရစေ တစ်ယောက်ထဲ
တို့ နှုတ်ဆက်သင့်ပြီပဲ
ဒီထက်ပိုပြီး တို့ မနီးချင်တော့နဲ့
ဖြတ်ရခက်မယ် အကြင်နာကြိုးလေးအတွက်
လှပလွန်းတဲ့ မိုးတိမ်တွေကြားထဲ
လွင့်မျောလို့ မသွားဖို့
တို့လေ တကယ်ခက်ခဲ
အတင်းပဲ ကြိုးစားရုန်းရဦးမယ်
ဇွတ်တိုးဖို့ သတ္တိနည်းတယ် ဆိုမလားကွယ်
တို့ဘ၀လေးကို နားလည်ပါ အချစ်ရယ်
နှလုံးသားလေးက မင်းကို မနှင်ရက်လဲ
မသိစိတ်တချို့ကတို့ကိုသတိပေးလို့နေတယ်
တခုခုပြောင်းလဲသွားမှာ စိုးပါတယ်
အချစ်ရယ် ပြန် ပြန်တော့ကွယ်
အပြင်မှာ မိုးလဲ ရွာတော့မယ်
နေရစ်ခဲ့ပါရစေ တစ်ယောက်ထဲ
တို့ နှုတ်ဆက်သင့်ပြီပဲ
ဒီထက်ပိုပြီး တို့ မနီးချင်တော့နဲ့
ဖြတ်ရခက်မယ် အကြင်နာကြိုးလေးအတွက်
ပြန် ပြန်တော့ကွယ်
အပြင်မှာ မိုးလဲ ရွာတော့မယ်
နေရစ်ခဲ့ပါရစေ တစ်ယောက်ထဲ
တို့ နှုတ်ဆက်သင့်ပြီပဲ
ဒီထက်ပိုပြီး တို့ မနီးချင်တော့နဲ့
ဖြတ်ရခက်မယ် အကြင်နာကြိုးလေးအတွက်