အသည်းကွဲရက်ရာဇာ
ဆို - ဝိုင်းစုခိုင်သိန်း
>>>>> Solo <<<<<
Intro - 0:16
A- တစ်ယောက်ထဲ
အထီးကျန်တဲ့ နေ့
အိမ်ပြတင်း တံခါးဆီ ငေး
နွေရာသီရဲ့ နှုတ်ဆက်ခြင်းက
မျက်ရည်နဲ့ မိုးလေး
B- ကမ္ဘာကြီးလည်း ငို တဲ့နေ့
တစ်ချိန်က လွမ်းစရာ လေး
ဒီလိုတို့ဝေး ရမယ်ဆို
မင်းကို မချစ်ဘူး ဟေ့
A- အညိုရောင်
တိမ်တိုက် လေးတွေဟာ
သည်းကာ မိုးရွာစေတတ်သလား
ဒဏ်ရာဟောင်းတွေ မိုးနဲ့တွေ့ရင်
အသစ်ပြန် ဖြစ်သွားသလား.....
တိမ်ညိုတွေ
အုံ့ မှိုင်းတဲ့ ရာသီ
ဒီကမ္ဘာဟာ လွမ်းဖျားလွမ်းနာအတိ
အနောက် မြောက်ထောင့်က
မိုးသား လေးတွေ
အငြိုးကြီးတဲ့ ရာသီ
B- သေမယ်ဆို သေလို့ရပါပြီ
နင်ဆိုတာ မရှိတော့တဲ့ဘဝကြီးမှာ
ဘယ်နည်းနဲ့မှ အသက်ရှင်စရာ
ရှာမတွေ့တော့တဲ့ ငါ့ကမ္ဘာဟာ
မနက်ဖြန် တွေဟာ
အသည်းကွဲ ရက် ရာဇာ
[{ <<<<< Music >>>>>}]
Intro - 1:42
A- ကမ္ဘာကြီး လဲပြိုတဲ့ နေ့ 
အရင်က လွမ်းစရာ လေး
ဒီလိုတို့ဝေး ရမယ်ဆို
မင်းကို မချစ်ဘူး ဟေ့
B- အညိုရောင်
တိမ်တိုက် လေးတွေဟာ
သည်းကာ မိုးရွာစေတတ်သလား
ရင်ကိုခွဲကာ ဆားနဲ့ပက်သလို
မျက်ရည်တွေ စီးကျ....
A- သေရာပါ ဒဏ်ရာတွေပဲ
မင်း ပေးခဲ့တာပါ
ပြန်မလာရင် ပြန်မလာချင်တဲ့
အကြောင်းလေးတော့ ဖြေပါ
ဒီလို မိုးတွေသည်းတာနဲ့
အသက်ရှူ ကြပ်လာတယ်
ဒီတိုင်း ဆက်သွားရင်
သေနိုင် လောက်တယ်..ဟိုး...ဟိုး
B- တိမ်ညိုတွေ
အုံ့ မှိုင်းတဲ့ ရာသီ
ဒီကမ္ဘာဟာ လွမ်းဖျားလွမ်းနာအတိ
အနောက် မြောက်ထောင့်က
မိုးသား လေးတွေ
အငြိုးကြီးတဲ့ ရာသီ
A- သေမယ်ဆို သေလို့ရပါပြီ
နင်ဆိုတာ မရှိတော့တဲ့ဘဝကြီးမှာ
ဘယ်နည်းနဲ့မှ အသက်ရှင်စရာ
ရှာမတွေ့တော့တဲ့ ငါ့ကမ္ဘာဟာ
မနက်ဖြန် တွေဟာ
အသည်းကွဲ ရက် ရာဇာ
A+B- ဘယ်နည်းနဲ့မှ အသက်ရှင်စရာ
ရှာမတွေ့တော့တဲ့ ငါ့ကမ္ဘာဟာ
မနက်ဖြန် တွေဟာ
အသည်းကွဲ ရက် ရာ ဇာ
THE END
ကျေးဇူးတင်ပါတယ်
Upload - ZAR (TCT FM)