သီချင်း - နင့်ကိုငါချစ်တယ်
တေးဆို - ဝိုင်းလေး
နင်နဲ့ငါဆုံတိုင်းအမှတ်တမဲ့လှည့်ကြည့်တဲ့အကြည့်ကိုငါကြိုက်တယ်
ပါးထပ်မှာပါးချိုင့်လေးနဲ့ပြုံးပြတိုင်းမှာငါလေငြိတွယ်
ငါ့အချစ်တွေကမ္ဘာကြီးက သိအောင်ငါပြောချင်တယ်
ယုံကြည်ပါနင်စိတ်ချ ငါ့အချစ်ဟာနင့်အတွက်သာ
နင်ဝတ်တဲ့တီရှပ်နဲ့ကိုယ်သင်းရနံ့လေးတွေကိုငါကြိုက်တယ်
အမြဲတမ်းသယ်ဆောင်သွားရမဲ့ဂျက်ကက်လေးလိုငါလေရှိမယ်
နင်အရှေ့ဆိုငါကြိုးစားဖုံးထားရခက်ပြီကွာ
ဒီတစ်ခါနောက်ဆုံးတော့ငါ့အချစ်တွေမင်းသိအောင်
နင့်ကိုချစ်တယ်…နာရီစက္ကန့်တိုင်းမှာ
နင့်ကိုချစ်တယ်နေရာတိုင်း အချိန်တိုင်းပဲ
ငါ့ရဲ့အချစ်ဟာတစ်ဘဝလုံးစာပုံအပ်မှာ
ဘာကြောင့်နင့်ကိုငါချစ်သွား မသိနိုင်တော့ပါ
ငါ့ရဲ့အချစ်နဲ့မှောင်မိုက်ခြင်းတွေတွန်းဖယ်
ငါ့ရဲ့အချစ်နဲ့ပူလောင်ခြင်းတွေအေးမယ်
ဘဝတစ်ခုလုံးတိုင်တည်ပြီးပြောမယ်နင်နားထောင်
အချစ်လေးနင့်ကိုငါချစ်တယ် နင်သိမှာပါ
သူငယ်ချင်းတွေအတူရှိတဲ့အခိုက်စကြနောက်ကြအချိန်ငါကြိုက်တယ်
အမှတ်တမဲ့နင်ဆိုညဉ်းလိုက်တဲ့တေးသွားလေးတွေငါလေငြိတွယ်
နင့်အရှေ့ဆိုငါပြုံးလိုက်တိုင်းခိုးကြည့်တဲ့အကြည့်တွေရယ်
အရာရာဟာလှပပြီးပြည့်စုံမင်းနဲ့ဆို
ဝမ်းနည်းအားငယ်စိတ်ညစ်တဲ့အခိုက်
မင်းလာကုစားပေး
ကံကောင်းခြင်းထပ်လောင်းပြီး
အို အချစ်တို့နဲ့မင်းပဲသယ်ဆောင်…လာပေး…ဟေ့
နင့်ကိုချစ်တယ်…နာရီစက္ကန့်တိုင်းမှာ
နင့်ကိုချစ်တယ်နေရာတိုင်းအချိန်တိုင်းပဲ
ငါ့ရဲ့အချစ်ဟာတစ်ဘဝလုံးစာပုံအပ်မှာ
ဘာကြောင့်နင့်ကိုငါချစ်သွား…မသိနိုင်တော့ပါ
လှပခြင်းနဲ့ပျော်ရွှင်ခြင်းဆောင်ကြဉ်းပေး
ငါ့အနာဂတ်တွေမြင်တယ်နင့်မျက်ဝန်းထဲ
ဘဝတစ်ခုလုံးတိုင်တည်ပြီးပြောမယ် နင်နားထောင်
အချစ်လေးနင့်ကိုငါချစ်တယ်…နင်သိမှာပါ
နင့်ကိုငါချစ်တယ်…နင်သိမှာပါ