သီချင်း - ဆုတောင်း
တေးဆို - ဝိုင်းလေး
ပန်းပွင့်လေးများပွင့်နှင်းပက်ဖျန်းစေ
နေမင်းကြီးရဲ့အလင်းခံစားရရှိစေ
မိုးရေစက်တွေလိုသလိုရစေ
လန်းဆန်းမှုပေးဆပ်ကမ္ဘာကိုလှစေ
ချစ်သူတိုင်းလည်းဆုတောင်းပြည့်ကြစေ
စုံဖက်ကြသူများအသက်ပေးချစ်ကြစေ
အသက်ထက်ဆုံးတိုင်ကြင်နာနိုင်ကြစေ
လောကကိုအချစ်နဲ့အရောင်ခြယ်ကြစေ
ပန်းပွင့်များပွင့်တိုင်းလှပပါစေ
ချစ်သူများချစ်တိုင်းညားကြပါစေ
ညားသူများသက်ဆုံးထိချစ်ပါစေ
ဆုတောင်းပေးနေ့စဉ်ရင်မှာဆန္ဒခြွေ
ပန်းပွင့်လေးများပွင့်နှင်းပက်ဖျန်းစေ
နေမင်းကြီးရဲ့အလင်းခံစားရရှိစေ
မိုးရေစက်တွေလိုသလိုရစေ
လန်းဆန်းမှုပေးဆပ်ကမ္ဘာကိုလှစေ
ချစ်သူတိုင်းလည်းဆုတောင်းပြည့်ကြစေ
စုံဖက်ကြသူများအသက်ပေးချစ်ကြစေ
အသက်ထက်ဆုံးတိုင်ကြင်နာနိုင်ကြစေ
လောကကိုအချစ်နဲ့အရောင်ခြယ်ကြစေ
ပန်းပွင့်များပွင့်တိုင်းလှပပါစေ
ချစ်သူများချစ်တိုင်းညားကြပါစေ
ညားသူများသက်ဆုံးထိချစ်ပါစေ
ဆုတောင်းပေးနေ့စဉ်ရင်မှာဆန္ဒခြွေ