အသဲကွဲသည်
သက်နိုင်
Introး
သူဟာနောက်တစ်ယောက်နဲ့ တွဲနေပြီ
တို့နှစ်ယောက်ရဲ့ဇာတ်လမ်း
ပြီးဆုံးသွားပြီတဲ့
ဒါဟာထားသွားခြင်းပဲလား
အသည်းကွဲတယ်လို့ ခေါ်တာလား
သူ့ကိုမုန်းဖို့ မလွယ်သလိုပဲ
ငါမှာမေ့ဖို့ မဖြစ်နိုင်တော့ပါ
ဒါဟာရက်စက်ခြင်းပဲလား
အသည်းကွဲတယ်လို့ခေါ်တာလား
သူ့ကိုမုန်းဖို့လည်း မလွယ်ပါ
သူ့ကိုမေ့ဖို့လည်း မလွယ်ပါ
ရင်မှာအချစ်စစ်နဲ့ ချစ်ခဲ့သူပါ
သူ့ရဲ့အပြုံးလေးတွေရယ်
သူ့ရဲ့အနမ်းလေးတွေရယ်
ဘယ်လိုမေ့ပျောက်လို့…ရ မှာလဲ
သူပေးခဲ့တဲ့ ကတိတွေရယ်
အတူတူထားခဲ့တဲ့ သစ္စာရယ်
အခုတော့အားလုံးပဲ
ပျောက်ပျက်ပီလား
Music
အရင်လိုမင်းမချစ်တော့တဲ့ဘ၀မှာ
အရာရာအရှုံးကြီး ရှုံးပြီကွာ
အတိတ်ကတို့နှစ်ယောက် ချစ်ခဲ့တဲ့အချစ်က
အခုတော့တစ်စစီ ပျက်စီးသွားပြီ
ငါ့မှာစားလို့လည်း မ၀င်ပါ
နင့်ကြောင့်အိပ်လို့လည်း မပျော်ဘူး
ဒါဟာအလွမ်းရဲ့ နိဒါန်းလား
သူ့ကိုမုန်းဖို့လည်း မလွယ်ပါ
သူ့ကိုမေ့ဖို့လည်း မလွယ်ပါ
ရင်မှာ အချစ်စစ်နဲ့ ချစ်ခဲ့သူပါ
သူပေးခဲ့တဲ့ ကတိတွေရယ်
အတူတူထားခဲ့တဲ့ သစ္စာရယ်
အခုတော့အားလုံးပဲ ပျောက်ပျက်ပြီလား
ဝို………ဝူ………ဝိုး………ဝို………
သူ့ကိုမုန်းဖို့လည်း မလွယ်ပါ
သူ့ကိုမေ့ဖို့လည်း မလွယ်ပါ
ရင်မှာအချစ်စစ်နဲ့ ချစ်ခဲ့သူပါ
သူ့ရဲ့အပြုံးလေး တွေရယ်
သူ့ရဲ့အနမ်းလေး တွေရယ်
ဘယ်လိုမေ့ဖျောက်လို့ ရမှာလဲ
သူပေးခဲ့တဲ့ ကတိတွေရယ်
အတူတူထားခဲ့တဲ့ သစ္စာရယ်
အခုတော့အားလုံးပဲ
မေ့လိုက်ပြီလား
By AyeKyaw greentiger