သီချင်း : အားမနာနဲ့
တေးဆို : သာဒီးလူ
ငါခေါင်းမော့မိ နာရီကြည့်တော့
သုံးချက်တီးနေပြီ...
စကားလုံးမရှိတဲ့ မျက်နှာကြပ်တစ်ခုအပေါ်
ငါစောင်းငဲ့ကာကြည့်...
လည်လွန်းတဲ့ဘီးချီးသင့်တဲ့အဖြစ်လို
ငါကြုံနေပါပြီ...
ဇာတ်သိမ်းမလှတဲ့ဒီအလွမ်းဇာတ်မှာ
ငါကမင်းသားကြီး...
အို ဒီလိုမျိုး...အဖြစ်လို...
နောင်ဘဝဆက်တိုင်း...
မကြုံပါရစေနဲ့အရှင်ဘုရားရေ
ဒီလိုမျိုး...နောက်ဆို...
အားနာတဲ့စကားမပြောလိုက်ပါနဲ့
ထားမှာသာထားသွားခဲ့ပါ...
ငါဆိုတာသူစိမ်းလား...
လိုအပ်တာပြောဖြည့်ဆည်းပေးမယ်
ငါကသဘောကောင်းပါတယ်...
ငါဆိုတာသူစိမ်းလား...
အားမနာနဲ့...ထွက်သွားလိုက်ပါနင်ငါ့ဘေးက...
အခြေအမြစ်မရှိတဲ့ ငါလိုကောင်နင့်အတွက်
အလွမ်းတစ်ပုဒ်ရေးကာသီ...
အနေအထားမသိပဲငါလုပ်မိတော့
နင်ကငါ့ကိုရယ်.
ခုံတန်းရှည်ကြီးထိုင်ကြည့်မိတော့
စကားတစ်ခွန်းပြောပါသည်...
အို ဇာတ်သိမ်းမလှတဲ့ဒီအလွမ်းဇာတ်မှာ
ငါကမင်းသားပဲတဲ့...
ငါဆိုတာသူစိမ်းလား...
လိုအပ်တာပြော ဖြည့်ဆည်းပေးမယ်
ငါကသဘောကောင်းပါတယ်...
ငါဆိုတာသူစိမ်းလား...
အားမနာနဲ့...ထွက်သွားလိုက်ပါနင်ငါ့ဘေးက...
ဒီလိုမျိုး...အဖြစ်လို...
နောင်ဘဝဆက်တိုင်း...
မကြုံပါရစေနဲ့အရှင်ဘုရားရေ...
ဒီလိုမျိုး...နောက်ဆို...
အားနာတဲ့စကားမပြောလိုက်ပါနဲ့
ထားမှာသာထားသွားခဲ့ပါ...
ငါ ဆို တာ သူစိမ်းလား...
လိုအပ်တာပြောဖြည့်ဆည်းပေးမယ်
ငါကသဘောကောင်းပါတယ်...
ငါ ဆို တာ သူစိမ်းလား...
အားမနာနဲ့ထွက်သွားလိုက်ပါနင်ငါ့ဘေးနားက
ငါ ဆို တာ သူစိမ်းလား...
လိုအပ်တာပြောဖြည့်ဆည်းပေးမယ်
ငါကသဘောကောင်းပါတယ်...
ငါ ဆို တာ သူစိမ်းလား...
အားမနာနဲ့...ထွက်သွားလိုက်ပါနင်ငါ့ဘေးက...
အို..အို...
အားနာတဲ့စကားမပြောလိုက်ပါနဲ့ ထားမှာသာထား