ပိုးစုန်းကြူးလေးရှက်နေပြီ
သိန်းတန်(မြန်မာပြည်) မေဆွိ
ပိုးစုန်းကြူးလေးတွေကို ကြည့်စမ်းကွယ်
စိန်ပွင့်လေးလက်နေသည်နှယ်...
မောင်ရယ်ဖမ်းပေးတကယ်ချစ်
ချစ်စရာ့ကွယ်
ရင်ခွင်မှာထွေးကစားချင်တယ်...
တကယ်လိုချင် ဖမ်းပေးမယ်
မောင်ကြင်နာသူရယ်..
လေပြည်အလာ ထွေးထားကွယ်
မောင်ရင်ခွင် အလယ်ဝယ်..
အို အို ... ညရဲ့ချစ်ကမ္ဘာ၀ယ်
အသဲချင်းဖလှယ်မခွဲတမ်းရွယ်
တို့နှစ်ယောက်တည်းကွယ်
ပိုးစုန်းကြူး မောင်နှံသဖွယ်...
ပိုးစုန်းကြူးလေးတွေရယ် ရှက်သလားကွယ်
တမင်ပျံဝဲပြီး နေတာရယ်...
မောင်ရယ်ပြောပေး ဟိုအဝေးမပြေးဖို့ကွယ်
ရင်ခွင်မှာ ထွေးကစားချင်တယ်...
တကယ်လိုချင် ဖမ်းပေးမယ်
မောင်ကြင်နာသူရယ်..
လေပြည်အလာ ထွေးထားကွယ်
မောင်ရင်ခွင် အလယ်ဝယ်..
အို အို ... ညရဲ့ချစ်ကမ္ဘာ၀ယ်
အသဲချင်းဖလှယ်အမြဲတမ်းရွယ်
တို့နှစ်ယောက်တည်းကွယ်
ပိုးစုန်းကြူး မောင်နှံသဖွယ်...
ပိုးစုန်းကြူးလေးတွေရယ် ရှက်သလားကွယ်
တမင်ပျံဝဲပြီး နေတာရယ်...
မောင်ရယ်ပြောပေး ဟိုအဝေးမပြေးဖို့ကွယ်
ရင်ခွင်မှာ ထွေးကစားချင်တယ်...
တကယ်လိုချင် ဖမ်းပေးမယ်
မောင်ကြင်နာသူရယ်..
လေပြည်အလာ ထွေးထားကွယ်
မောင်ရင်ခွင် အလယ်ဝယ်..
အို အို ... ညရဲ့ချစ်ကမ္ဘာ၀ယ်
အသဲချင်းဖလှယ်အမြဲတမ်းရွယ်
တို့နှစ်ယောက်တည်းကွယ်
ပိုးစုန်းကြူး မောင်နှံသဖွယ်...
Thank For All
: Thaung Han Oo