မိသားစုကန်တော့ပွဲ
သုထက်မိုး ရတနာဦး
. . . . . . . .
လူ လား မြောက်တဲ့ အရွယ်ကတည်းကလေ(G)
လောကဓံကို ရင်ဆိုင်တွေ့ ကြုံခဲ့ပါပေ..
နိမ့်ချည်တခါ သာချည်တလှည့်ရယ်နဲ့ 
သမုဒယ နယ်မှာ
ကျင်လည်ကျက်စားကာ
မအားလပ်နိုင်ရှာ ပေ..
လောကဓမ္မတာ သောကအဖြာဖြာ
ကြုံခဲ့ ရပေ
ချစ်သော ဖေဖေ
ချစ်သော မေမေ
မတွေ့ တာကြာလေလေ ပို၍သတိရလေလေ
ရင်၌လွယ်ဖွား သားသမီးများ က
အတိုးချ ကန်တော့ပါရစေ..
. . . . .
မြင်းမိုရ်တောင်ဦး ကျေးဇူးဂုဏ်တွေ(B)
ဆပ်လို့မကုန်ပေ သီတာရေ တပေါက်ကလေး
ကျရုံမျှနဲ့ မိဘတို့ဝမ်း မငြိမ်းချမ်းပေ
ဖ၀ါးလက်နှစ်လုံး ပုခုံး လက်နှစ်သစ်
ဝါးဖက်တော်ကစီနှစ်နဲ့  လူဖြစ်အောင်ကျွေး
မှတ်ခြင်ယင် မသန်း ရအောင်
ပင်ပန်းကြီးစွာ မွေးမြူရပေ
မေမေ့ ကျေးဇူးဂုဏ်တွေ
ရည်မျှော်မှန်းလို့ သား ကန်တော့ပါတယ်လေ
ကျေးဇူးရှင် ဖေဖေ နဲ့မေမေ
. . . . .
ငယ်စဉ်တောင်ကျေး ကလေးဘ၀က(G)
တေးဆိုလို့ ချော့မြှူပုံတွေ
မှတ်မိနေသေးပေ ခိုဖြူ ခိုပြာ ခိုဝါနက်ကယ်
အဖမ်း ခက်လို့ ဆိုတဲ့အသံတွေ
မိတ္တီလာကန်တော်အောက်က ဖား ကလေးတွေ
ကောက်ကာ ပေးဖို့  မှာလိုက်တဲ့အသံလေး တွေ
သမီးဖြင့်ကြားယောင်မိတယ်လေ..
. . . . .
ကလလရေကြည် သြော် သန္ဓေတည်ကတည်းက(B)
ပူငံစပ်ခါး ရှောင် ရှားကာလေ..
မကောင်းမြစ်တာ ကောင်းရာညွှန် လို့
ရင်းနှီးပေးဝေ အတတ်ကိုလည်း သင်စေ
ထိမ်းမြားခြင်း ၀တ်ငါးအင် ကျေပွန်ပါပေ..
ကြီးမားသောမေတ္တာမျိုးနဲ့ 
သားသမီးဆိုးတွေကိုလည်း
ပြစ်ရိုးထုံးစံမရှိခဲ့ပေ..
တို့ဘုရားသော် မှ နို့တစ်လုံး ဖိုးကြေ
အနတ္တဂိုဏ်းဝင်
ကျေးဇူးရှင်မိဘနှစ်ပါးကို
သား ကန်တော့ပါတယ်လေ...
. . . . .
တအူတုံဆင်း တို့ မောင်နှစ်မရင်းတွေ(B G)
ချစ်ခြင်းမေတ္တာ အဓိကထားလို့ လေ..
ကျေးဇူးရှင် မိဘနှစ်ပါးရဲ့  သြ၀ါဒစကား
မကြားရတာ ကြာခဲ့ပြီလေ
ချစ်သော ဖေဖေ
ချစ်သော မေမေ
သားတို့ သမီးတို့
လက်ဆယ်ဖြာယှက်ကာမိုးလို့ 
ရှစ်ခိုးလို့ကန်တော့ပါရစေ
ကျေးဇူးရှင် ဖေဖေနဲ့မေမေ
ကျေးဇူးရှင် ဖေဖေနဲ့မေမေ
ကျေးဇူးရှင် ဖေဖေနဲ့မေမေ
ကျေးဇူးရှင် ဖေဖေနဲ့မေမေ
ကျေးဇူးရှင် ဖေဖေနဲ့မေမေ
. . . . . . . .
ကျေးဇူးတင်ပါတယ်
ကြယ်မင်း
. . .