menu-iconlogo
huatong
huatong
avatar

မေ့ထားလိုက် Big Bag

ဟန်ထူးလွင်huatong
👻တစ္ဆေဖြူ👻huatong
লিরিক্স
রেকর্ডিং
မေ့ထားလိုက်

Bigbag

မင်းဖြစ်ချင်တာနဲ့

ငါ့အဖြစ်တွေ မတူတဲ့အခါ

လောကဟာ တဖက်သက်ကျနေမလား

ရှေ့ဆက်ရန်နဲ့

နောက်ဆုတ်ရန်ချိန်တဲ့အခါ

အမှတ်တရဟာ အတားအဆီးဖြစ်နေမလား

ဆုံနိုင်ရန်မဖြစ်တော့ရင်

အထီးကျန်သူ မျက်ရည်

ကမ္ဘာမြေကို ဖုံးလွမ်းသွားနိုင်သလား

အတင်းပြတ်သားနိုင်မယ့်

ဒီခွန်အားမျိုးတွေ

ငါ့ရင်ထဲ ခြစ်ယူလို့ နေပြီပဲ

မင်းစိတ်ချမ်းသာဖို့ 

ငါ့ရင်တွေ ကွဲပစေ

ခြားနားလွန်းနေတဲ့ ကံကြမ္မာတွေ

အချစ်ရေမေ့ထားလိုက်

ငါ့ကိုမေ့လိုက်တော့လေ

အချစ်ရေ မေ့ထားလိုက်

ငါ့ကိုမေ့လိုက်တော့လေ

အချစ်ရေ မေ့ထားလိုက်

မေ့ထားလိုက်အချစ်လေး

မေ့လိုက်တော့လေ

မေ့လိုက်တော့လေ

မေ့လိုက်တော့လေ

ချစ်တတ်သူငါနဲ့

ကစားတတ်သူ ကြုံတဲ့အခါ

ရယ်စရာဟာ ငါ့အဖြစ်ပျက်တွေလား

ရက်စက်သူနဲ့

နောက်တခေါက်ပြန်ဆုံတဲ့အခါ

ဒဏ်ရာတွေ အသစ်တခု ဖြစ်လို့သွား

ဆုံနိုင်ရန်မဖြစ်တော့ရင်

အထီးကျန်သူ မျက်ရည်

ကမ္ဘာမြေကို ဖုံးလွမ်းသွားနိုင်သလား

အတင်းပြတ်သားနိုင်မယ့်

ဒီခွန်အားမျိုးတွေ

ငါ့ရင်ထဲ ခြစ်ယူလို့ နေပြီပဲ

မင်းစိတ်ချမ်းသာဖို့ 

ငါ့ရင်တွေ ကွဲပစေ

ခြားနားလွန်းနေတဲ့ ကံကြမ္မာတွေ

အချစ်ရေမေ့ထားလိုက်

ငါ့ကိုမေ့လိုက်တော့လေ

အချစ်ရေ မေ့ထားလိုက်

ငါ့ကို မချစ်နဲ့တော့လေ

အချစ်ရေ မေ့ထားလိုက်

မေ့ထားလိုက် အချစ်လေး

မေ့လိုက်တော့လေ

မေ့လိုက်တော့လေ

မေ့လိုက်တော့လေ

Thanks

PoeHakPhyu ( တစ္ဆေဖြူ )

ဟန်ထူးလွင် থেকে আরও

সব দেখুনlogo