menu-iconlogo
huatong
huatong
avatar

အမေ့အသည်းမှပြောသောစကား

ဟင်္သာတထွန်းရင်huatong
লিরিক্স
রেকর্ডিং
အမေ့အသည်းမှပြောသောစကား

တေးရေး ဂီတစာဆိုကိုဝင်းစိုး

တေးဆို ဟင်္သာတထွန်းရင်

ရွှေရုပ်နဲ့ နှိုင်းလို့

ရွှေရုပ်ပင် ရိုင်းမလားကွယ်

ရွှေလ၀ါ နှိုင်းရင်

ရွှေလပင် ရိုင်းမလားကွယ်

ချစ်တဲ့သူ အလှရယ်က

သာလိမ့်မယ် ထင်တယ်

သံယောဇဉ်သမား တစ်ဦးမှာကွယ်

သူ့အတွက်ဆိုရင် တကယ်

ဖြစ်လိုရာ ဖြစ်ပါစေကွယ်

ရွှေရုပ်နဲ့ နှိုင်းလို့

ရွှေရုပ်ပင် ရိုင်းမလားကွယ်

ရွှေလ၀ါ နှိုင်းရင်

ရွှေလပင် ရိုင်းမလားကွယ်

ချစ်တဲ့သူ အလှရယ်က

သာလိမ့်မယ် ထင်တယ်

သံယောဇဉ်သမား တစ်ဦးမှာကွယ်

သူ့အတွက်ဆိုရင် တကယ်

ဖြစ်လိုရာ ဖြစ်ပါစေကွယ်

ကြင်နာမြတ်နိုးလွန်းလို့

အရိပ်တကြည့်ကြည့် သူ့ကိုသာကွယ်

မျက်နှာညိုမှာစိုးတယ်

နှစ်ယောက်သား မနီးရမှာ

ပူပန်တွေးတောရင်းသာရယ်

ချစ်သူဝေးသောအခါများ

မဖြစ်လိုပါပြီကွယ်

တနေ့သောအခါဝယ်

ချစ်တဲ့သူ လှနွဲ့နှောင်းက

မောင်တကယ် ချစ်ရဲ့လားတဲ့ကွယ်

ချစ်စကားများ သက်သေထားစရာ

အခက်ကြီးကြုံ ရတက်မီးဟုန်ပွားကာ

ပြောရက်တဲ့ ချစ်သူပျိုရယ်

မာတာမိခင်ကြီးရဲ့ အသည်းနှလုံးကိုမှ

သူကလိုချင်တယ်

ကြင်နာမြတ်နိုးလွန်းလို့

အရိပ်တကြည့်ကြည့် သူ့ကိုသာကွယ်

မျက်နှာညိုမှာစိုးတယ်

နှစ်ယောက်သား မနီးရမှာ

ပူပန်တွေးတောရင်းသာရယ်

ချစ်သူဝေးသောအခါများ

မဖြစ်လိုပါပြီကွယ်

တနေ့သောအခါဝယ်

ချစ်တဲ့သူ လှနွဲ့နှောင်းက

မောင်တကယ် ချစ်ရဲ့လားတဲ့ကွယ်

ချစ်စကားများ သက်သေထားစရာ

အခက်ကြီးကြုံ ရတက်မီးဟုန်ပွားကာ

ပြောရက်တဲ့ ချစ်သူပျိုရယ်

မာတာမိခင်ကြီးရဲ့ အသည်းနှလုံးကိုမှ

သူကလိုချင်တယ်

တမှိုင်မှိုင် တတွေတွေ

နေ့စဉ်ရက်ဆက်လွမ်း

မျိုလို့သာခဲရ သည်းနောက်ကျိ ဖြာပွေဝယ်

မကြည့်ရက် မမြင်ရက်သူ

သားချစ်တဲ့မေမေက မေးလာတော့တယ်

သြော် အကြောင်းစုံသိလေသောခဏ

ခုမဆိုင်းပါ တုမနှိုင်းသာမေတ္တာများနဲ့ရယ်

ဓားထက်ထက် ရင်ကိုခွဲ၍ သားချစ်သူကို

ပေးစေကြောင်း အသည်းနှလုံးကိုနှင်းကာ

ခန္ဓာစဲ၍ မြေသို့လဲရှာတယ်

တမှိုင်မှိုင် တတွေတွေ

နေ့စဉ်ရက်ဆက်လွမ်း

မျိုလို့သာခဲရ သည်းနောက်ကျိ ဖြာပွေဝယ်

မကြည့်ရက် မမြင်ရက်သူ

သားချစ်တဲ့မေမေက မေးလာတော့တယ်

သြော် အကြောင်းစုံသိလေသောခဏ

ခုမဆိုင်းပါ တုမနှိုင်းသာမေတ္တာများနဲ့ရယ်

ဓားထက်ထက် ရင်ကိုခွဲ၍ သားချစ်သူကို

ပေးစေကြောင်း အသည်းနှလုံးကိုနှင်းကာ

ခန္ဓာစဲ၍ မြေသို့လဲရှာတယ်

မွေးမေပေးသော အသည်းကိုယူကာ

ကလျာနွဲ့နှောင်းဆီ အပြေးလာခိုက်ဝယ်

ခရီးလမ်းမဗွေအလယ်

ခလုတ်ကန်သင်း တိုက်ကာလဲတယ်

အမေ့အသည်းနှလုံး လွင့်ကာကျတယ်

အသည်းနှလုံးက စကားပြောလာပြီကွယ်

သားမှားပြီ မှားပြီမေမေရဲ့

ချစ်ဇောတွေကြွယ်

အချစ်ရေးကိုဦးစားပေးမိတယ်

ရင်းစားမရရှိနိုင်သော

အနန္တမေတ္တာစေတနာတွေရယ်

ဘယ်မှာရှာ၍ သြော် ရမှာလဲကွယ်

အမေ့သားဘ၀ ယောင်ချာချာလည်

မွေးမေပေးသော အသည်းကိုယူကာ

ကလျာနွဲ့နှောင်းဆီ အပြေးလာခိုက်ဝယ်

ခရီးလမ်းမဗွေအလယ်

ခလုတ်ကန်သင်း တိုက်ကာလဲတယ်

အမေ့အသည်းနှလုံး လွင့်ကာကျတယ်

အသည်းနှလုံးက စကားပြောလာပြီကွယ်

သားမှားပြီ မှားပြီမေမေရဲ့

ချစ်ဇောတွေကြွယ်

အချစ်ရေးကိုဦးစားပေးမိတယ်

ရင်းစားမရရှိနိုင်သော

အနန္တမေတ္တာစေတနာတွေရယ်

ဘယ်မှာရှာ၍ သြော် ရမှာလဲကွယ်

အမေ့သားဘ၀ ယောင်ချာချာလည်

ဦးခိုက်မ၀နိုင်တဲ့

အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ရယ်

ဟင်္သာတထွန်းရင် থেকে আরও

সব দেখুনlogo