လွမ်းတောင်ပြုံး
####••KO••KO••####
နေကလေးကစောင်းတော့
လှေလောင်းကလေးနဲ့
သွား....မယ်........
ရွှေတစ်ချောင်းရဲ့ ချောင်းရေ
သက်သေပြနေပြီလေ
တောင်ပြုံးသူမရွှေဥအတွက်
ကျတဲ့မျက်ရည်
လွမ်းတဲ့မျက်ရည်
လွမ်းစေတီကလေးဆီက
အုဋ္ဌ်နှစ်ချပ်လပ်ကာမင်းအတွက်
တောင်ပြုံးသူရဲ့မင်းသိပါစေ
ကိုဗျတ္တနဲ့မယ်ဝဏ္ဏတို့ရဲ့
လူမမယ်ရင်သွေး....
ရွှေဖျင်းငယ်အချစ်ရေးက
အသက်စတေးရှာခဲ့တဲ့
လွမ်းတောင်ပြုံးမြေ
ရင်ခတ်ပန်းတွေလည်း
လွမ်းသက်သေ....
####••KO••KO••####
အကွက်ဆန်းကလေးတွေထွင်
မရွှေဥရဲ့ ယက္ကန်းစင်
ရွှေချည်ငွေချည်တန်းပါလို့
ပန်းပုဆိုးချိတ်ဝါနီလွင်
ကြိမ်ခတ်ပုဝါ ရင်မှာလွှမ်း
ရင်ခတ်ပန်းတို့သူ့ခေါင်းမှာဆင်
အကွက်ဆန်းကလေးတွေထွင်
မရွှေဥရဲ့ ယက္ကန်းစင်
ရွှေချည်ငွေချည်တန်းပါလို့
ပန်းပုဆိုးချိတ်ဝါနီလွင်
ကြိမ်ခတ်ပုဝါ ရင်မှာလွှမ်း
ရင်ခတ်ပန်းတို့သူ့ခေါင်းမှာဆင်
အသာမိ, သာမိကော
အချစ်ဇောက မခွဲခြားနိုင်ပေ
အရှင့်တာဝန်လည်း....မကျေ
အုဋ္ဌ်နှစ်ချပ်လပ်တာမင်းအတွက်
တောင်ပြုံးသူရဲ့ မင်းသိပါစေ
ကိုဗျတ္တနဲ့မယ်ဝဏ္ဏတို့ရဲ့
လူမမယ်ရင်သွေး.....
ရွှေဖျင်းငယ်အချစ်ရေးက
အသက်စတေးရှာခဲ့တဲ့
လွမ်းတောင်ပြုံးမြေ
ရင်ခတ်ပန်းတွေလည်း
လွမ်းသက်သေ....
####••KO••KO••####
(စကားပြော)
အချစ်နဲ့စစ်မှာ
မတရားဆိုတာမရှိဘူးလို့
ကျွန်တော်ကြားဖူးပါတယ်
ဒါဆိုရင် ကိုဗျတ္တနဲ့မယ်ဝဏ္ဏတို့ရဲ့
ရင်သွေးငယ် ရွှေဖျင်းငယ်
အချစ်ကလည်း မရွှေဥကို
ချစ်ခဲ့တာ မမှားဘူးလို့
ပြောရမှာပေါ့
ရွှေတစ်ချောင်းရဲ့
ချောင်းရေတွေကိုပြေးကြည့်ရင်
မရွှေဥရဲ့မျက်ရည်တွေလား
ရွှေဖျင်းငယ်ရဲ့
မျက်ရည်တွေလားဆိုတာ
ဘယ်...ဝေခွဲလို့ရနိုင်ပါ့မလဲ
တောင်ပြုံးသူမရွှေဥကို
ချစ်မိလို့ လွမ်းစေတီမှာ
အုဋ္ဌ်နှစ်ချပ်လပ်
အသက်စတေးခံခဲ့ရတဲ့
အချစ်သမားကြီး
ရွှေဖျင်းငယ်အတွက်
ခံစားမိရာက
လွမ်းတောင်ပြုံးရယ်လို့
ဖြစ်ခဲ့ရပါတယ်
သြော် .... လွမ်းတောင်ပြုံးရယ်
####••KO••KO••####
ရွှေတစ်ချောင်းရဲ့ ချောင်းရေ
သက်သေပြနေပြီလေ
တောင်ပြုံးသူမရွှေဥအတွက်
ကျတဲ့မျက်ရည်
လွမ်းတဲ့မျက်ရည်
လွမ်းစေတီကလေးဆီက
အုဋ္ဌ်နှစ်ချပ်လပ်ကာမင်းအတွက်
တောင်ပြုံးသူရဲ့မင်းသိပါစေ
ကိုဗျတ္တနဲ့မယ်ဝဏ္ဏတို့ရဲ့
လူမမယ်ရင်သွေး....
ရွှေဖျင်းငယ်အချစ်ရေးက
အသက်စတေးရှာခဲ့တဲ့
လွမ်းတောင်ပြုံးမြေ
ရင်ခတ်ပန်းတွေလည်း
လွမ်းသက်သေ....
####••KO••KO••####
အကွက်ဆန်းကလေးတွေထွင်
မရွှေဥရဲ့ ယက္ကန်းစင်
ရွှေချည်ငွေချည်တန်းပါလို့
ပန်းပုဆိုးချိတ်ဝါနီလွင်
ကြိမ်ခတ်ပုဝါ ရင်မှာလွှမ်း
ရင်ခတ်ပန်းတို့သူ့ခေါင်းမှာဆင်
အကွက်ဆန်းကလေးတွေထွင်
မရွှေဥရဲ့ ယက္ကန်းစင်
ရွှေချည်ငွေချည်တန်းပါလို့
ပန်းပုဆိုးချိတ်ဝါနီလွင်
ကြိမ်ခတ်ပုဝါ ရင်မှာလွှမ်း
ရင်ခတ်ပန်းတို့သူ့ခေါင်းမှာဆင်
အသာမိ, သာမိကော
အချစ်ဇောက မခွဲခြားနိုင်ပေ
အရှင့်တာဝန်လည်း....မကျေ
အုဋ္ဌ်နှစ်ချပ်လပ်တာမင်းအတွက်
တောင်ပြုံးသူရဲ့ မင်းသိပါစေ
ကိုဗျတ္တနဲ့မယ်ဝဏ္ဏတို့ရဲ့
လူမမယ်ရင်သွေး.....
ရွှေဖျင်းငယ်အချစ်ရေးက
အသက်စတေးရှာခဲ့တဲ့
လွမ်းတောင်ပြုံးမြေ
ရင်ခတ်ပန်းတွေလည်း
လွမ်းသက်သေ....
####••KO••KO••####
••T••H••A••N••K••S••