(မထင်ပါနဲ့
မင်းတွေ့သလို မမြင် ပါနဲ့..
ယိုင်နဲ့သွားမယ့်အချစ်မဟုတ်ဘူး..
ဒီအချစ်နဲ့အပေါ်ယံများနဲ့လဲမလို့လား)
Prod. Cracky!
အစ္စဏီ - ငါ့ရင်မှာအရင်တိုင်း~
မင်းက ရှင်သန်နေမှာပဲ~
တကယ်လို့ အိပ်မက်ဖြစ်နေလဲ..
မနိုးထလိုက်ပါနဲ့~
တို့ဝေးနေစဉ်ခဏပဲ~
ဒီအလွမ်းတော့ရှိမှာပဲ~
သံသယစကားတို့နဲ့..
နင်လာပြီး~
ရဲလေး - ငါ့ရဲ့ဘေးမှာ မင်းရှိတုန်းက ရူးမိုက်စွာနဲ့
လက်ကိုဆွဲ ဘဝသစ်ထူမယ်
ဘာကြောင့်အခုမလိုက်တာလည်း ပြောပါ
အရင်က နားထောင်ကောင်းတဲ့
စကားသံတွေကို ကြားချင်တယ်
အမုန်းတွေမရှိတဲ့ နယ်မြေသစ်ကို
တို့နှစ်ယောက် အတူသွားချင်တယ်
အလုပ်တွေလုပ်ပြီး စိတ်ကူးယဉ်တာ
အတူတူနေထိုင်ဖို့ငါ
တခါတလေမှာမျက်နှာငယ်တယ်
(ဟူး ရေမခိုင်လို့)
အနောက်ကြောင်းတွေပြတ်ပြီးလား
လိမ်တာ ညာတာ ရပ်ပြီလား
အများကပြောတဲ့ မင်းသတင်းတွေက
နားနဲ့မဆန့်အောင် Heart ထိတာ
ငါလည်း လူငယ်တစ်ယောက်ပဲ
အသွေးနဲ့အသားနဲ့ တည်ဆောက်ထားတာ
အဝေးကို မဒိုးပါနဲ့
ရဲလေးဆိုတဲ့ ဒီကောင့်အနားက
အပြတ်သတ်
ဒီတစ်ခေါက်ဝေးဖို့ အကြောင်းကိုငါတွေးရင်း
မနက်ဖြန်သတင်းစာထဲမှာ တွေ့ပါလိမ့်မယ်
နာရေးသတင်း
ရူးတယ်
ဘာဖြစ်လို့ အဲ့ဒီလောက်တောင်ဖြစ်သွားတာလဲ
ဘာကိုမှ ဂရုမစိုက်ဘူး လေးနက်တဲ့အချစ်များစွာနဲ့
အကွက်တွေရွေ့ဆဲ
တခြားလူတွေနဲ့ အပြင်မှာတွေ့လည်း
သူရဲ့အပြောမှာ ကျွန်တော်
စီးမျောလို့ဝင်သွားတာပဲ
အစ္စဏီ - မင်းသိသလို မထင်ပါနဲ့
မင်းတွေ့သလို မမြင်ပါနဲ့..
ယိုင်နဲ့သွားမယ့်အချစ်မဟုတ်ဘူး..
ငါမင်းရဲ့အချစ်နဲ့ အသက်ဆက်ရှင်မယ်
မထင်ပါနဲ့
မင်းတွေ့သလို မမြင် ပါနဲ့..
ယိုင်နဲ့သွားမယ့်အချစ်မဟုတ်ဘူး..
ငါမင်းရဲ့အချစ်နဲ့ အသက်ဆက်ရှင်မယ့်သူ...
Double J - စချစ်ထဲက ရှုံးပြီးသား
သိသိရက်နဲ့ ချစ်မိခဲ့တာပဲ..
ရှောင်လွှဲရင်းလေ
ထိပ်တိုက်တိုးဝင် မိနေတယ်
လုပ်ရက်တိုင်းလည်း ခေါင်းငြိမ့်မိ
ငါ့လောက်မင်းအတွက်
ပေးဆပ်မယ့်သူမရှိ..
ရှာလည်း မတွေ့နိုင်
မေ့လည်း မမေ့နိုင်ခဲ့ပါကွယ်
ငါဘာလုပ်လုပ်
မင်းအတွက်လုံလောက်စရာ မဖြစ်ခဲ့..
ပိုင်ဆိုင်တဲ့အရာများ အကုန်ပေးနိုင်တယ်
(ငါလိုအပ်တာ မင်းအချစ်တစ်ခုထဲ..)
အစ္စဏီ - မင်းသိသလို မထင်ပါနဲ့
မင်းတွေ့သလို မမြင်ပါနဲ့..
ယိုင်နဲ့သွားမယ့်အချစ်မဟုတ်ဘူး..
ငါမင်းရဲ့အချစ်နဲ့ အသက်ဆက်ရှင်မယ်
မထင်ပါနဲ့
မင်းတွေ့သလို မမြင် ပါနဲ့..
ယိုင်နဲ့သွားမယ့်အချစ်မဟုတ်ဘူး..
ငါမင်းရဲ့အချစ်နဲ့ အသက်ဆက်ရှင်မယ့်သူ...
Req - Thae
နောင်နောင် - သေရာပါ အမှတ်သားလေးပေးတယ်
ဘယ်တော့မှ ထွက်မသွားကြေးဟေ့
ဖင်စီခံကို ပါးစပ်ဖျားလေးတေ့ပြီး
အလွမ်းနာကျအရက်သမားလေးဆွေး
ကိုယ်ချစ်ရတဲ့ ပါးကွက်ကြားလေးဘေးမှာ
မရှိရင် ဒီလက်ဖဝါးလဲမနွေး
မင်းအဆက်သွယ် စဖြတ်သွားတဲ့နေ့ကို
ငါ့ဝိညာဉ်ထွက်သွားလဲမမေ့
မင်းမရှိရင်ဘဝက လျှောက်လမ်းကြမ်းတာမို့
တစ်ရေးနိုးထ ကယောင်ကတမ်း လွမ်းတာမျိုး
မင်းအနွေးဓာတ်ရဖို့ဆို
ငါ့နှလုံးသား တစ်ခုလုံး လောင်ကျွမ်းစမ်းကွာလို့
ပြောတဲ့ကောက်ကို မင်းရဲ့မာယာကျော့ကွင်းနဲ့
နောက်တစ်ခါပြန်ပြီး ထောင်ဖမ်းစိမ်းပါဗျို့
မင်းလို သိပ်လှတဲ့ လိပ်ပြာလေး
ဘယ်တော့မှမနားမယ့် ခေါင်ရမ်းပန်းဟာကိုယ်
ခဏအငှားသုံးတဲ့ သူ့အတွက်
တစ်ဘဝလုံးစာ သေချာမိနေတဲ့ကိုယ်
အလွမ်းကို မီးခွက်ထွန်းရှာတဲ့သူ
အလွမ်းစိတ်ကိုပြန်မဖြေသာမိနေတဲ့ကိုယ်
မင်းစိတ်နဲ့ပဲသေမှာသိနေတဲ့ကိုယ်
ကိုယ့်နာရေးကိုပြန် ကြေညာမိနေခဲ့သလို
တစ်ယောက်ထဲကြည့်တဲ့ ရုပ်ရှင်ရုံမှာ
အခွံခွာပြီးသား နေကြာစိတွေ အမြဲပိုတယ်
လမ်းခွဲစကားကို ပုံသေမတွက်ကြေးတဲ့
လမ်းခွဲတဲ့အခါပုံတွေ မဖြတ်ကြေးတဲ့
ငါ့ဖုန်းတစ်ခုလုံး မင်းဓါတ်ပုံအပြည့်ပဲလို့
My Day တင်ရက် ပြန်လာမယ်ယုံနေတတ်သေးတယ်
ငါ့ကိုလိုသုံးလို့ ဂုဏ်တွေထပ်ပေးလဲ
မင်းအမှားတစ်ခုမကျန် အကုန်ချေဖြတ်ပေးမယ်
မင်းနဲ့ပတ်သတ်ရင်
ငါ့မာနဆိုတာ
မင်းစီးတဲ့ဖိနပ်အောက်က
ဖုန်တွေထက်သေးတယ်
အစ္စဏီ - မင်းသိသလို မထင်ပါနဲ့
မင်းတွေ့သလို မမြင်ပါနဲ့..
ယိုင်နဲ့သွားမယ့်အချစ်မဟုတ်ဘူး..
ငါမင်းရဲ့အချစ်နဲ့ အသက်ဆက်ရှင်မယ်
မထင်ပါနဲ့
မင်းတွေ့သလို မမြင် ပါနဲ့..
ယိုင်နဲ့သွားမယ့်အချစ်မဟုတ်ဘူး..
ငါမင်းရဲ့အချစ်နဲ့ အသက်ဆက်ရှင်မယ့်သူ...
20:32SATAPR192025DAISY
နောင်နောင် - လမ်းခွဲစကားကို ပုံသေမတွက်ကြေးတဲ့
လမ်းခွဲတဲ့အခါပုံတွေ မဖြတ်ကြေးတဲ့
ငါ့ဖုန်းတစ်ခုလုံး မင်းဓါတ်ပုံအပြည့်ပဲလို့
My Day တင်ရက် ပြန်လာမယ်ယုံနေတတ်သေးတယ်
ရဲလေး - ဒီတစ်ခေါက်ဝေးဖို့ အကြောင်းကိုငါတွေးရင်း
မနက်ဖြန်သတင်းစာထဲမှာ တွေ့ပါလိမ့်မယ်
နာရေးသတင်း
နောင်နောင် - လမ်းခွဲစကားကို ပုံသေမတွက်ကြေးတဲ့
လမ်းခွဲတဲ့အခါပုံတွေ မဖြတ်ကြေးတဲ့
ငါ့ဖုန်းတစ်ခုလုံး မင်းဓါတ်ပုံအပြည့်ပဲလို့
My Day တင်ရက် ပြန်လာမယ်ယုံနေတတ်သေးတယ်
ရဲလေး - ဒီတစ်ခေါက်ဝေးဖို့ အကြောင်းကိုငါတွေးရင်း
မနက်ဖြန်သတင်းစာထဲမှာ တွေ့ပါလိမ့်မယ်
နာရေးသတင်း