ကြယ်ကြွေညတိုင်းဆုတောင်းမယ်
ဆို-အယ်နောင်း
ညဥ့်သန်းခေါင်ယံ
လေပြေညှင်းကြောင့်
မျောလွင့်သွားတဲ့
လရောင်တန်းရဲ့တစ်ဒေသကို
အနန္တတံတိုင်း ပရဝုဏ်အထိ
အာရုံဖြန့်လို့စိတ်တွေရွင့်လွှင့်
လိုက်ရှာနေရင်း
ကြယ်တွေကြားမှာ
ယဉ်ယဉ်လေးနဲ့လှတဲ့မင်းကို
မျှော်လင့်မထားပဲတွေ့လိုက်တယ်
နူးညံ့တိမ်ယံ ထာဝရအလင်းနဲ့ 
ကြယ်စင်မှုန်းတဲ့ညဆောင်နန်းရဲ့
ထိပ်ထားထံ မျှော်ရည်မှန်း
ရင်ခွင်လမ်းက ငုံစဉ်ပန်းမို့
့မေတ္တာကြိုးယှက် ပန်းဖောင်ဖွဲ့ရင်း
ပန်လိုစိတ်သာ ရင်မှာအပြည့်နဲ့ 
ဆက်သလိုက်တယ်
ယူကာနန်းခိုက်ပန်းပွင့်စေ
စွဲငြိကာရံ သာယာခြင်းရဲ့
ရင်ခုန်စည်းချက်
ရစ်ခြုံလွမ်းမဲ့သခင်မထံ
ဝသုန်မြေဆောင်းပူသည်အထိ
သံစဉ်ဖွဲ့လို့ညို့ငင်လွမ်းချင်း
ဆွေးသီနေရင်း
တိုင်တည်သစ္စာ
ရွှေတော်နားအရောက်
ကျူးရင့်လိုက်တယ်
အာကာတစ်သောင်းအထိ
ပျံ့လွင့်စေ
ရင်ကျင့်က္ကုနြေ္ဒ ထည်ဝါခြင်းရဲ့
ဂုဏ်သတင်းနဲ့မွှေးထုံသင်းတဲ့
အချစ်ဆုံးထံ
အိပ်မက်အလွမ်း ထောင်ချီကို
အသည်းနဲ့ရင်းလို့ ဦးကိုညွှတ်လျက်
အလွမ်းလွှင့်တင်ရင်း
ဆုံနိုင်ဖို့ကို
ရင်မှာမှန်းဆတမ်းတရင်းနဲ့ 
ကြယ်ကြွေညတိုင်းဆုတောင်းမယ်
MUSIC.SOLO
စွဲငြိကာရံ သာယာခြင်းရဲ့
ရင်ခုန်စည်းချက်
ရစ်ခြုံလွမ်းမဲ့ သခင်မထံ
ဝသုန်မြေဆောင်း ပူသည်အထိ
သံစဉ်ဖွဲ့လို့ညို့ငင်လွမ်းချင်း
ဆွေးသီနေရင်း
တိုင်တည်သစ္စာ
ရွှေတော်နားအရောက်
ကျူးရင့်လိုက်တယ်
အာကာတစ်သောင်းအထိ
ပျံ့လွင့်စေ
ရင်ကျင့်က္ကုနြေ္ဒ ထည်ဝါခြင်းရဲ့ 
ဂုဏ်သတင်းနဲ့မွှေးထုံသင်းတဲ့
အချစ်ဆုံးထံ
အိပ်မက်အလွမ်းထောင်ချီကို
အသည်းနဲ့ရင်းလို့ ဦးကိုညွှတ်လျက်
အလွမ်းလွှင့်တင်ရင်း
ဆုံနိုင်ဖို့ကို
ရင်မှာမှန်းဆတမ်းတရင်းနဲ့ 
ကြယ်ကြွေညတိုင်းဆုတောင်းမယ်
ဆုံနိုင်ဖို့ကို
ရင်မှာမှန်းဆတမ်းတရင်းနဲ့ 
ကြယ်ကြွေညတိုင်းဆုတောင်းမယ်
Thank
Apay